ကာတွန်းကားကြိုက်တဲ့ ပရိသတ်တွေအတွက် IMDb Rating – 7.8 ရရှိထားတဲ့ ကာတွန်းကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဇာတ်လေးကိုပြောပြရမယ်ဆိုရင်တော့….
ဟိုးရှေးရှေးတုန်းကပေါ့…..
တစ်နေ့မှာတော့ ဒရွန်း ဆိုတဲ့ ကျောက်ရုပ်ဖြစ်စေနိုင်တဲ့ မိစ္ဆာတွေက လာရောက်အနိုင်
ကျင့်ကြတဲ့အခါမှတော့ …… နဂါးတွေက လူတွေကို ကူညီတိုက်ခိုက်ပေးကြပါတယ်။
နဂါးတွေရဲ့ အစွမ်းတွေ စုထားတဲ့ ရတနာနဲ့ ဒရွန်း မိစ္ဆာတွေကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ကူညီတဲ့ နဂါးတွေအားလုံး ကျောက်ရုပ်တွေ ဖြစ်သွားကြပြီး နဂါးတစ်ကောင်ကတော့
ရှင်ကျန်နေရစ်ခဲ့ပါတယ်။ ကူမန်ဒြာ တိုင်းပြည်ကြီးလည်း လူမျိုးစု ၅ စု ကွဲသွားသလို ရတနာကလည်း
၅ ပိုင်း ကွဲသွားခဲ့ပါတယ်။
နောက် နှစ် ၅၀၀ အကြာမှာတော့ ဒရွန်းတွေ ပြန်ပေါ်လာခဲ့ပါတယ်။ နှလုံးသားမျိုးနွယ်စု ခေါင်းဆောင်ရဲ့
သမီးလေး ရာယာ က နောက်ဆုံးကျန်ခဲ့တဲ့ နဂါး ကို ရှာဖွေပြီး ဒရွန်းတွေကို နှိမ်နင်းဖို့ ကြိုးစားတဲ့အခါမှာတော့ …..
ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာကြည့်လိုက်ရအောင်နော်
Translated by – Nezu
Encoded by – Nezu