ဒီတစ်ခါကတော့ တော်တော်ကြာမှ ပြန်လည်တင်ဆက်ပေးလိုက်တဲ့ korea BL ဇာတ်လမ်းတွဲအသစ်လေးပဲဖြစ်ပါတယ်။
တက္ကသိုလ်ကျောင်းရဲ့ ဘတ်စ်ကတ်အသင်းက အသင်းခေါင်းဆောင်ဖြစ်ပြီး ပျော်ပျော်နေတတ်တဲ့ အီဒိုဟျွန်း။ ဘတ်စ်ကတ်ဘောပြိုင်ပွဲနီးလာပြီး ရှေ့တန်းအသင်းသားတစ်ယောက်ထိခိုက်သွားတာကြောင့် ရှေ့တန်းကစားသမားတစ်ဦးလိုနေတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ကျောင်းနားပြီး ပြန်တတ်တဲ့ ဖန်ဒုံဝူဆိုတဲ့ကောင်လေးနဲ့တွေ့မိတဲ့အခါမှာတော့…
ဂျူနီယာတွေကြားမှာ အနေအေးစက်ပြီး အပေါင်းအသင်းသိပ်မရှိတဲ့ ခပ်ချောချောစီနီယာအဖြစ်နာမည်ကြီးတဲ့ ဖန်ဒုံဝူကတော့ ကျောင်းခဏနားပြီး ပြန်တက်တဲ့အချိန်မှာ သူငယ်ချင်းကောင်မလေးဖြစ်တဲ့ ဂင်ဟယ်အင်ကတဆင့် ဘတ်စ်ကတ်ဘောလုံးအသင်းမှာပါဝင်ကစားဖြစ်တဲ့အခါမှာတော့…
ဖန်ဒုံဝူနဲ့ အီဒိုဟျွန်းရဲ့ အများမသိသေးတဲ့အထက်တန်းကျောင်းတုန်းကဆက်ဆံရေးကကောဘာဖြစ်မလဲ တက္ကသိုလ်ကျောင်းသား ဘတ်စ်ကတ်ဘောလုံးအသင်းရဲ့ ရှေ့ရေးကကောဘယ်လိုဖြစ်သွားမလဲဆိုတာကို သောကြာနေ့တိုင်းစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
Translated by Channie , Hana & Stay-K
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ