AI Love You(2022)
———————-
အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ မင်းသား Mario နဲ့ မင်းသမီးBaifern တို့ရဲ့ အချစ်ဇာတ်လမ်းလေးဘဲဖြစ်ပါတယ်။ First Loveဇာတ်ကားထဲက ဒီအတွဲအဖက်လေးက အရမ်းချစ်ဖို့ကောင်းလို့ ထပ်မြင်ချင်တဲ့သူတွေကြိုက်မဲ့ဇာတ်ကားလေးပါဘဲ။
ဇာတ်ကြောင်းကိုတော့ ခေတ်လွန်အချိန်တစ်ခုမှာအခြေခံထားပြီးတော့ AIနည်းပညာကိုတွင်ကျယ်စွာအသုံးပြုနေတဲ့ကာလလေးဘဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့
AIတွေ တွင်ကျယ်လာတဲ့အချိန် AIတွေက ကမ္ဘာကြီးကို စိုးမိုးလိမ့်မယ်လို့တွေးဖူးကြမယ်ထင်ပါတယ်။ အဲ့ဒီ AIတွေကလဲ ချစ်မိသွားလိမ့်မယ်လို့တွေးဖူးရဲ့လား။
မတွေးဖူးသေးရင်တော့ ဒီဇာတ်လမ်းလေးထဲမှာ AIတစ်ယောက်ရဲ့အချစ်ကိုခံစားကြည့်ရှု့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးလေးနဲ့ ချစ်စရာကောင်းအာင်
ရိုက်ကူးပေးထားတာဖြစ်လို့ များများစားစားပြောပြဖို့တောင်လိုမယ်မထင်ပါဘူး။
ဒိတ်ဒိတ်ကျဲမင်းသားနဲ့မင်းသမီးတို့ရဲ့ ချစ်စရာအတွဲလေးကို ရင်ခုန်စွာနဲ့ ကြည့်ရှု့ပေးကြပါအုံးခင်ဗျာ။