အားလုံးအချစ်တော် Exo အဖွဲဝင် maknaeလေး sehunရဲ့ ဇာတ်ကားအသစ်လေးထွက်ရှိလိုလာပါပြီနော်
ဆယ်ကျော်သက်အရွယ်ကျောင်းသားလေးတွေရဲ့အချစ်ရေးနဲ့သူငယ်ချင်းသံယောဇဥ်ကို အခြေတည်ထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်
ဟာရာအထက်တန်းကျောင်းသားလေး ဂိုယူဟာ စာမတော်ပေမဲ့ သူ့ရဲ့ရှည်လျားတဲ့အရပ်ကြောင့် ဘတ်စကတ်ဘောကစားတဲ့နေရာမှာ တော်တယ်လိုမကြာခဏချီးမွန်းခံရတဲ့သူတစ်ယောက်ဖြစ်ပါတယ်
ဒါ့အပြင် သူငယ်ချင်းဂျွန်ဟီးကိုအချိန်ပြည့်ကာကွယ်ပေးနေရတာနဲ့ ရည်းစားထားဖိုလည်းအချိန်မရှိတဲ့သူပါ
သူငယ်ချင်းဖြစ်သူဂျွန်ဟီးကတော့ စာတော်ပေမဲ့ ကျန်းမာရေးချူချာတဲ့အတွက်ကြောင့် ဂျွန်ဟီးဆီက ကျောက်ကပ်အစားထိုးယူထားရသူဖြစ်ပါတယ်
ကျောက်ကပ်အစားထိုးပြီးတဲ့နောက် တနေ့မှာ cellular memory syndromeကြောင့် ဂိုယူသဘောကျတဲ့ ကျောင်းပြောင်းလာသူကျောင်းသူသစ်လေးဟန်ဆိုယွန်းကို ဂျွန်ဟီးကလည်းသဘောကျမိသွားတဲ့အခါ….
သိပ်ချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက် သူငယ်ချင်းသံယောဇဥ်ကိုရွေးမလား အချစ်ကိုရွေးသွားမလားဆိုတာကိုတော ဇာတ်လမ်းလေးနဲ့အတူစီးမြောပြီးMMFlim မှာဆက်လက်ကြည့်ရှုနိုင်ကြပါပြီနော်