Asterix: The Secret of the Magic Potion (2018)
———————————————————-
ဒီတစ်ခါတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကတော့ ပြင်သစ် ကာတွန်းကားလေးဘဲဖြစ်ပါတယ်။ ပြင်သစ်စကားနဲ့ဆိုတော့
ကြည့်ရတာ တစ်မျိုးတော့ဖြစ်နေပေမဲ့ ဟာသလေးတွေက တော်တော်ရယ်ရပါတယ်။ ဇာတ်လမ်းလေးက ပေါ့ပေါ့ပါးပါးလဲဖြစ်ပြီးတော့
Ratingကလဲ6.7ရရှိထားတဲ့ ဇာတ်ကားကောင်းလေးပါဘဲ။
ဇာတ်လမ်းအကျဉ်းလေးကတော့
ဘုန်းတော်ကြီးတွေက မှော်ဆေးရည်တွေကို ဖန်တီးကြပြီးတော့ ရွာတစ်ရွာဆီတိုင်းမှာ ရွာသားတွေကို ကူညီပေးကြရတာပါ။
ဂတ်တဖစ်ဆိုတဲ့ ဘုန်းတော်ကြီးကတော့ အသက်ကြီးလာပြီဖြစ်တဲ့အတွက် အနားယူဖို့ ရွာသားတွေက အကြံပေးလာကြပါတော့တယ်။
ဘုန်းတော်ကြီးကလဲ သူ့ရဲ့မှော်ဆေးရည်ရဲ့ ဖော်မြူလာကို အခြားသူတွေကိုပေးမသိစေချင်တာကြောင့် အင်တင်တင်လုပ်နေပါတော့တယ်။
ဒါပေမဲ့လဲ ရွာသားတွေကြောင့် အောင့်သပ်သပ်နဲ့ ဆက်ခံသူရှာဖို့ ခရီးထွက်လာခဲ့ကြပါတော့တယ်။
ဟာသလေးတွေကတော့ ရယ်စရာကောင်းသလို ဇာတ်ကောင်လေးတွေကလဲချစ်စရာကောင်းပါတယ်။အားလုံးဘဲ ကြိုက်နှစ်သက်ကြမယ်လို့
မျှော်လင့်ပါတယ်။ အားပေးကြည့်ရှု့ပေးကြပါအုံးခင်ဗျာ
——————————–
Translated and Encoded by Zion
Resolution ……720P & 1080P