Bagman 2024
ဒီ Dark horror ရုပ်ရှင်ထဲမှာ မိသားစုတစ်စုက အန္တရာယ်ရှိတဲ့ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်ရဲ့ အမဲလိုက်ခြင်းကိုခံရပါတယ်။ မိုင်းတွင်းဟောင်းတစ်ခုနားမှာ အဲဒီအကောင်ကြီးရှိတယ်ဆိုပြီး မျိုးရိုးစဉ်ဆက်အလိုက် မိဘတွေကကလေးတွေကို အိတ်လူသားအကြောင်းသတိပေးလာခဲ့တာပါ။ အဲဒီအိတ်လူသားက လိမ္မာတဲ့ကလေးတွေကိုပဲရွေးတတ်ပြီး သူမျက်စိကျသွားပြီဆိုတာနဲ့ အဲဒီကလေးကိုသူ့အိတ်ကြီးထဲထည့်ပြီး ဖမ်းမခေါ်သွားနိုင်မချင်း မရမကလိုက်ရှာဖမ်းတတ်ပါတယ်။ ဘယ်လိုပုန်းပုန်း လွတ်လမ်းမရှိပါဘူး။ အိတ်ထဲထည့်ပြီးခေါ်သွားခံရတဲ့ကလေးကလည်း ဘယ်တော့မှပြန်မလာနိုင်ပါဘူး။ ကလေးဘဝတုန်းက ပတ်ထရစ်က အဲဒီအိတ်လူသားလက်ကနေ သီသီလေးလွတ်သွားခဲ့ပြီး နောက်ပိုင်းစိတ်ဒဏ်ရာကျန်နေခဲ့တဲ့သူပါ။ အချိန်တစ်ချိန်ပြန်လည်လာချိန်မှာတော့ အိတ်လူသားက ပတ်ထရစ်ရဲ့သားဂျိတ်ဆီကို ခဏခဏလာနေပါတော့တယ်။ ပတ်ထရစ် အတိတ်ကစိတ်ဒဏ်ရာကိုကျော်လွှားနိုင်မှာလား၊ ပတ်ထရစ်ရဲ့သားလေးဂျိတ်ကရော ဒီတစ်ခါဘာဆက်ဖြစ်နိုင်မလဲ၊ ဒီအိတ်လူသားရဲ့အမှန်တရားအစစ်ကရောဘာလဲဆိုတာ ဒီကားလေးထဲမှာစိတ်ဝင်စားစွာစောင့်ကြည့်ရမှာပါ။
Translated & Reviewed by Bex
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်