Switch Mode
Battle of the Sexes
Rating 6.7
Trailer
Bookmark

Battle of the Sexes

Watch full episodes Battle of the Sexes, download Battle of the Sexes english subbed, Battle of the Sexes eng sub, download Battle of the Sexes eng sub, stream Battle of the Sexes at MMFILM.
Status: Completed Released: 29 Sep 2017 Duration: 121 min Country: , Type: Movie Director: , Casts: , , Posted by: admin Released on: Updated on:
Watch streaming Battle of the Sexes English Subbed on MMFILM. You can also download free Battle of the Sexes Eng Sub, don't forget to watch online streaming of various quality 720P 360P 240P 480P according to your connection to save internet quota, Battle of the Sexes on MMFILM MP4 MKV hardsub softsub English subbed is already contained in the video.

Synopsis Battle of the Sexes

ဒီကားကတော့ ၂၀၁၇ခုနှစ်ထွက်Biography/Comedy-Drama ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ဒီကားလေးဟာ ၁၉၇၃ခုနှစ် အမေရိကန်ပြည်ထောင်စုတွင် ဟိုးလေးတကျော်ဖြစ်ကာ ပြောစမှတ်တွင်ရလောက်တဲ့အထိ ဖြစ်ပွားခဲ့တဲ့ တင်းနစ်ပြိုင်ပွဲအကြောင်းပါပဲ။ဒီတင်းနစ်ပြိုင်ပွဲဟာ သာမန်ပြိုင်ပွဲတွေနဲ့မတူပါဘူး။ထိုခေတ်ကာလတွင်း အမျိုးသမီးတင်းနစ်ကစားသမားများဟာ အမျိုးသားများနှင့် တန်းတူရပိုင်ခွင့်တွေ ခံစားခွင့်မရကြပါဘူး။ဒါကြောင့် ကမ္ဘာ့နံပါတ်တစ် အကောင်းဆုံးအမျိုးသမီးတင်းနစ်ကစားသမားဖြစ်တဲ့ ဘီလီဂျင်းကင်းဟာ အဲဒီအတွက်ကနေဦး တောင်းဆိုဆန္ဒပြခဲ့တဲ့ ပထမဦးဆုံး အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတစ်ယောက်ဖြစ်လာပါတယ်။
အဲဒီကနေစပြီး အမျိုးသမီးများ အမျိုးသားများနှင့်တန်းတူညီမျှအခွင့်အရေးခံစားခွင့်ရှိခြင်း၊ လိင်တူရပိုင်ခွင့်များနှင့် လူ့အခွင့်အရေးဆိုတာတွေ ဆက်လက်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။တစ်ဖက်မှာလည်း ဘီလီဂျင်းကင်းကိုပါရမီဖြည့်ပေးရှာသည့်သူကတော့ ဘော်ဘီရစ်ချ်ဆိုတဲ့ နာမည်ကျော်တင်းနစ်ကစားသမားတစ်ယောက်ပါ။သူ့ရဲ့ဝါသနာက လောင်းကစားလုပ်ခြင်းပါပဲ။အခွင့်အရေးတွေကိုချောင်းနေတဲ့ဘော်ဘီတစ်ယောက် ဘီလီကင်းကိုမျက်စိကျသွားပါတော့တယ်။သူ့ရဲ့အတိတ်ကရွှေရောင်နေ့ရက်တွေကိုပြန်လည်ရယူရင်း လောင်းကစားပါလုပ်လို့ရမည့်အကွက်ကို တွေ့သွားတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဘီလီဂျင်းကင်းကိုစိန်ခေါ်ပြီး တင်းနစ်ကစားပွဲပြုလုပ်ကာ အမျိုးသမီးတွေဟာ တန်းတူအခွင့်အရေးရသင့်ကြောင်း သက်သေပြရအောင်ဖန်တီးပါတော့တယ်။အဲဒီပြိုင်ပွဲဟာ တင်းနစ်အားကစားသမိုင်းတစ်လျှောက်တွင် လူကြည့်အများဆုံးသော ကစားပွဲဖြစ်ခဲ့တာဖြစ်ပြီး ဘီလီဂျင်းကင်းနဲ့ ဘော်ဘီရစ်ချ်တို့ရဲ့ အပြိုင်အဆိုင် စကားနာထိုးမှုတွေ၊ အားပြိုင်မှုတွေဟာ ကစားကွင်းမတိုင်ခင်ကတည်းက ပုဂ္ဂိုလ်ရေးဆိုင်ရာအရရော၊ အခြားသော ရှုပ်ထွေးသည့်တိုက်ပွဲများနှင့် ပြင်းထန်ကာ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ ဘီလီဂျင်းကင်းအနိုင်ရရှိသွားပြီး အမျိုးသမီးများအတွက် ဦးဆောင်လမ်းပြပေးနိုင်ခဲ့ရုံသာမက အခြားသောလူ့အခွင့်အရေးများအတွက် လမ်းစလည်းဖွင့်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲဟာ လူမှုအဖွဲ့အစည်းတွင်းမှာ နောက်ဆက်တွဲပြောင်းလဲမှုတွေများစွာကိုဆောင်ကျဉ်းပေးခဲ့တဲ့ တကယ့်ဖြစ်ရပ်မှန်ပြိုင်ပွဲကြီးဖြစ်ပြီး ဇာတ်ကားအနေနဲ့လည်း ရသစုံစုံလင်လင်နဲ့ ရိုက်ကူးပြပေးသွားတာဖြစ်တဲ့အတွက် ကြည့်ရှုရတာ စိတ်ကျေနပ်စေမှာပဲဖြစ်ပါတယ်။

review credit

-=-=-=-=-=-=-=

ENCODED BY HAY MAN

SIZE-1.3 GB

RESOLUTION-1080P

-=-=-=-=-=-=-=-=

Watch Battle of the Sexes