Brave the Dark
ဒီဇာတ်လမ်းလေးကတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။
နိတ်ဆိုတဲ့ကောင်လေးက ငယ်ငယ်က သူ့အဖေက သူ့အမေကို ပြန်-တ်ပြီး သူ့ကိုယ်သူ -တ်သေသွားတာကို မျက်စိအရှေ့တင်တွေ့လိုက်ရပြီး စိတ်ဒဏ်ရာရသွားခဲ့ပါတယ်။
ဒါပေမယ့် အဘိုးနဲ့အဘွားက နိတ်ကိုထိခိုက်မှာစိုးလို့ အဖြစ်မှန်ကို မပြောခိုင်းဘဲ အမေက ကားတိုက်သေသွားတာလို့ပဲ လိမ်ခိုင်းထားပါတယ်
ဒါပေမဲ့ စိတ်ဒဏ်ရာနဲ့ကြီးပြင်းလာရတဲ့ကလေးတစ်ယောက်ဖြစ်တဲ့အတွက် ပတ်ဝန်းကျင်နဲ့ဘယ်လိုတွေ အဆင်မပြေဖြစ်လဲ ဘယ်လိုအမှောင်ထုတွေကရော
သူ့စိတ်ထဲမှာကြီးစိုးနေလဲဆိုတာကို ကြည့်ရှုရမှာပါ
သူ့ဆရာ ဒင်း နဲ့တွေ့တဲ့အခါ သူ့ကိုအမှောင်ထဲကနေ ဘယ်လိုတွေပြန်ဆွဲတင်သွားမလဲ
လမ်းပျောက်နေတဲ့ လူငယ်တစ်ယောက်ကို ဘယ်လိုတွေကယ်ဆယ်သွားမလဲ ဘာတွေရော လိုအပ်လဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်
Translated & Reviewed by Phoenix
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်