ဒီဇာတ်ကားကတော့ Sci-Fiဆန်ဆန်ဇာတ်ကားအမျိုးအစားပဲဖြစ်ပါတယ်။
ဇာတ်ကားအစမှာတော့ ကမ္ဘာမြေပေါ်မှာထူးဆန်းတဲ့ကပ်ရောဂါတစ်ခုစတင်ခြင်းကနေ ဖြစ်ပေါ်လာခဲ့ပါတယ်။
ဘယ်လိုရောဂါအမျိုးအစားလဲဆိုတာကိုတော့ ဘယ်သူမှအဖြေရှာမရပဲ တခြားကမ္ဘာသစ်ဆီကိုသယ်ဆောင်လို့ရတဲ့လူလောက်ကိုပဲ သယ်ဆောင်ပြီးထွက်ခွာကြပါတယ်။
ဒီအတိုင်းလူပေါင်းများစွာကတော့ ကမ္ဘာ့ကပ်ဘေးကြီးနဲ့အတူ ကျန်ခဲ့ရပါတော့တယ်။
ကမ္ဘာသစ်ဆီကိုသွားတဲ့ နောက်ဆုံးယာဥ်မှာတော့ တာဝန်ရှိအဖွဲ့ဝင်တွေကြားမှာ ထူးခြားတဲ့တိုက်ခိုက်မှုတွေဖြစ်ပြီး လူတွေကို ကပ်ပါး ဘက်တီးရီးယား ဂြိုလ်သားစသဖြင့်မခွဲနိုင်တဲ့အရာတစ်ခုကထိန်းချုပ်လာပါတယ်။ အဲအချိန်မှာသူတို့ကကမ္ဘာဟောင်းရော ကမ္ဘာသစ်ရောနဲ့ဝေးရာလမ်းမှာရောက်နေတာမို့ ဘာအကူအညီမှလဲမရနိုင်ပါဘူး။ အဲဒီအရာကိုယာဥ်ပေါ်ခေါ်တင်လာတာကဘယ်သူလဲ ဘာလို့ဒီလိုမျိုးခေါ်ဆောင်သွားရတာလဲ။
ကမ္ဘာသစ်ဆီကိုရောချောချောမွတ်မွတ်နဲ့ရောက်သွားမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
Translated by Black
Encoded by Nezu