Brothers (2024)
လူတိုင်းလူတိုင်းမှာ အမျိုးမျိူးသော မိသားစုနောက်ခံသမိုင်းကြောင်းတွေ ရှိတတ်ကြသလိုပဲ ဂျေဒီနဲ့မုတ်ခ်တို့ အမွှာညီအစ်ကိုတို့ဟာလည်း ရာဇ၀တ်မှူကျူးလွန်ကြတဲ့ မိသားစုမျိုးရိုးကနေ ဆင်းသက်လာကြတာပါ သူတို့ညီအစ်ကိုဟာ ငယ်စဉ်ကနေ အရွယ်ရောက်တဲ့အထိ ဒုစရိုက်မှုကျူးလွန်ကြရင်း တစ်နေ့မှာတော့ ဂျေဒီဟာ ဖမ်းဆီးခံခဲ့ရပါတယ်
နှစ်သုံးဆယ်ကြာပြီးနောက်မှာတော့ ဂျေဒီဟာ ထောင်ကနေ လွတ်မြောက်လာခဲ့သလို မုတ်ခ်ကလည်း အိမ်ထောင်သည်တစ်ယောက် ဖြစ်နေပါပြီ အဲနောက်မှာတော့ ဂျေဒီဟာ ဘဝကိုအသစ်တစ်ဖန် ပြန်ပြင်ဆင်ဖို့အတွက် ဒေါ်လာလေးသန်းတန် မြစိမ်းတွေကိုရှာဖွေဖို့ရာ မုတ်ခ်ကိုနားချခဲ့ပါတယ် သူတို့ရဲ့ မြစိမ်းရှာပုံတော်မှာ နှစ်ပေါင်းများစွာကွဲကွာခဲ့ရတဲ့ အမေဖြစ်သူကလည်း ပါဝင်လာပါတော့တယ် လျှင်သူစားစတမ်း ဒုစရိုက်လောကကြီးမှာ သူတို့သားအမိသုံးယောက်ဟာ ငွေထုပ်ပြိုင်လုကြရင်းနဲ့ အဆုံးသတ်မှာ အဲငွေတွေရဲ့ပိုင်ရှင်ဟာ ဘယ်သူဖြစ်မလဲ ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြရမှာပါ
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်