ဒီဇာတ်ကားလေးကတော့Big Bang အဖွဲ့က အဆိုတော် Choi Seung Hyun (T.O.P) ခေါင်းဆောင်ပါဝင်ပြီး Han Ye Ri ၊ နာမည်ကြီးမင်းသမီး Kim Yoo Jung ၊ Yoon Je Moon ၊ Jo Sung Ha နဲ့ မင်းသားကြီး Jung Ho Bin တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ဒရမ်မာ ဇာတ်ကြမ်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းလေးကတော့…
မြောင်ဟွန်းဆိုတဲ့ကောင်လေးဟာ တောင်ကိုရီးယားမှာသူ့အဖေမြောက်ကိုရီးယားသူလျှိုဟာသေဆုံးသွားပြီးနောက် သူတို့မောင်နှမနှစ်ယောက်ကိုသစ္စာဖောက်အဖြစ် ဖမ်းဆီးတာခံခဲ့ရပါတယ်။ အဲ့ကနေလွတ်မြောက်ဖို့ဆိုရင် နည်းလမ်းကတော့ သူလျှိုလုပ်မှသာလျှင်လွတ်မြောက်နိုင်မှာပဲဖြစ်ပါတယ် ။ ဒီလိုနဲ့ ပြည်ပြေးအဖြစ်အသွင်ဆောင်ကာ တောင်ကိုရီးယားကိုရောက်တဲ့အခါမှာတော့ သူတို့သူလျှိုအဖွဲ့အစည်းကလင်မယားနှစ်ယောက်ကမွေးစားပြီး အဲ့မှာပဲကျောင်းထားပေးပါတယ်။ ကျောင်းသားဟန်ဆောင်ပြီး မစ်ရှင်တွေကိုလည်းဆောင်ရွက်ရပါတော့တယ်။
ကျောင်းမှာဘေးချင်းကပ်ထိုင်ရတဲ့ကောင်မလေးက သူ့ညမလေးနဲ့နာမည်တူပြီး ကျောင်းမှာအမြဲအနိုင့်ကျင့်ခံရတဲ့သူလည်းဖြစ်ပါတယ် ။ သူ့ဝါသနာကတော့ အကပညာရှင်တစ်ယောက်ဖြစ်ဖို့ပါပဲ။တစ်နေ့မှာတော့ မြောက်ကိုရီးယားခေါင်းဆောင်အပြောင်းအလဲကြောင့် သစ္စာဖောက်မှုတွေလည်းပေါ်ပေါက်လာခဲ့ပါတော့တယ် ။အဲ့အခြေအနေမှာတော့ မြောင်ဟွန်းကိုကျဥ်းထဲကြပ်ထဲကိုရောက်သွားပြီး ဘယ်လိုတွေဆက်လုပ်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားပေးကြပါဦးနော်
——————–
Translated by X
Encoded by Aye Chan
Resoluion …….480p , 720p , 1080p