ဒီကားလေးကတော့ Animation, Adventure ပုံစံမျိုးလေးပါ။ ကာတွန်းကားဆိုပေမယ့်ငယ်ငယ်တုန်းကကလေးတိုင်းစိတ်ကူးယဥ်ခဲ့ရတဲ့ ရတနာရှာတာတွေစွန့်စားခန်းထွက်တာတွေကိုပြသထားတဲ့ကားလေးပါ။
ဇာတ်လမ်းလေးကတော့ ခရစ်ခ်ဆိုတဲ့ကောင်လေးကမြိုငယ်လေးတစ်မြိုကိုပြောင်းလာခဲ့ပါတယ်။ အဲ့လိုနဲ့ခရစ်ခ်တစ်ယောက်မြိုထဲမှာသူ့ညီမလေးနဲ့လျှောက်ကြည့်ရင်း ခရိခ်လိုခေါ်တဲ့ကလေးတွေချည်းပဲဆော့ကစားတဲ့တော့အုပ်ကလေးကိုသိမြင်ခဲ့ရတယ်။ တစ်ညတော့ခရစ်ခ်တစ်ယောက်သူ့အခန်းထဲမှာဒိုင်ယာရီစာအုပ်တစ်အုပ်တွေ့ခဲ့ပြီး အဲ့ထဲမှာမြေပုံတစ်ခုပါခဲ့တယ်။ အဲ့ မြေပုံကခရိခ်ရဲ့မြေပုံဖြစ်ပြီးခရစ်ခ်တစ်ယောက်အဲ့မြေပုံအတိုင်းစွန့်စားခန်းထွက်ဖိုဖြစ်လာခဲ့ပါတယ်။ ခရစ်ခ်တစ်ယောက်စွန့်စားခန်းထွက်ရင်းဘာတွေဆက်ဖြစ်မလဲကြည့်ရမှာပါ..။
Translated & Reviewed by MooN
Encoded by X
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်