ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့လို အမေဖြစ်သူနဲ့ပဲ အတူနေခဲ့တဲ့ ရိုစီဟာ တစ်နေ့မှာတော့ အမေဖြစ်သူ ချိန်းတွေ့နေတဲ့သူတစ်ယောက်ဖြစ်တဲ့ ဒဲရက်နဲ့ ပင်လယ်ပြင်ခရီး ရွက်လွင့်ထွက်ကြမယ်ဆိုပြီး သူလဲ မလိုက်ချင်လိုက်ချင်နဲ့ ပါသွားရပါတယ်။ ဒီလိုနဲ့ သူတိုတွေ ပင်လယ်ထဲ ခရီးဆက်နေကြရင်း တစ်ညမှာတော့ သူတိုလှေပေါ်ကို လူစိမ်း၂ယောက်တက်လာပြီး ဒဲရက်ကို ပစ္စည်းဘယ်မှာလဲလို မေးရင်း ဒဲရက်ကလည်း မသိဘူးငြင်းခုံရင်း ဒဲရက်ရော သူ့အမေကိုပါ ပစ်သတ်သွားတာကို အောက်ထပ်မှာပုန်းနေတဲ့ ရိုစီက ကြည့်နေရုံကလွဲလို ဘာမှမတတ်နိုင်ခဲ့ပါဘူး။
ကံကောင်းချင်တော့ လက်မောင်းကိုသာ ရှပ်ထိသွားတဲ့ ဒဲရက်ကို ကယ်တင်နိုင်ခဲ့ပြီး အကုန်နီးပါးဖျက်ဆီးခံလိုက်ရတဲ့ ရွက်လှေတစ်စင်းနဲ့ သူတိုတွေ ဘာဆက်လုပ်ကြမလဲ အမေဖြစ်သူကို သတ်သွားတဲ့ လူသတ်သမားတွေကိုရော ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်။
Translated & Reviewed by Win Htut
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်