Horror ချစ်ပရိတ်သတ်တွေအတွက် မီးဖွင့်ကြည့်ရမယ့် ထိုင်းသရဲကားကောင်းတစ်ကား ရောက်လာပါပြီ။
ညီမလေးယမ်သေဆုံးပြီး ၃နှစ်အကြာနွေရာသီတစ်ခုမှာ အစ်ကိုဖြစ်သူယက်က သူ့ညီမကိုသတ်ခဲ့တဲ့သရဲကိုလိုက်ရှာနေတုန်းပါပဲ။ မိသားစုကဝိုင်းတားပေမဲ့ ကျန်တဲ့မိသားစုဝင်တွေကိုထပ်လာသ-တ်မှာစိုးရိမ်တဲ့ ယက်က ခေါင်းမာမာနဲ့ သရဲမကိုလိုက်ရှာနေတုန်းပါပဲ။
သတင်းစာထဲမှာပါလာတဲ့ လသားအရွယ်ကလေးသေဆုံးမှုကတဆင့် သရဲမကိုထိန်းချုပ်ထားတဲ့ နတ်ဆရာဖူအန်းအကြောင်းသဲလွန်စရသွားပြီး သူရှိတဲ့ဒုံခမုတ်တောထဲကိုသွားဖို့အကြောင်းပေါ်လာပါတယ်။ ဒုံခမုတ်တောက သဘာဝလွန်တိရစ္ဆာန်တွေ၊ ဝိဉာဉ်တွေနဲ့ပြည့်နှက်နေတာမို့လို့ တော်ရုံလူ အသက်ရှင်လျက်ပြန်ထွက်မလာနိုင်ဘူးဆိုပြီး နာမည်ကြီးပါတယ်။
ယက်ရဲ့တာဝန်က တောနက်ထဲကမကောင်းတဲ့ဝိဉာဉ်သရဲတွေနဲ့ရင်ဆိုင်ပြီး သူ့မိသားစုကိုဒုက္ခမပေးနိုင်အောင် သူလိုက်ရှာနေတဲ့သရဲမကို ရှင်းပစ်ရမှာပဲဖြစ်ပါတယ်။ ဒီလိုအမှောင်ထုကြီးစိုးနေတဲ့ဒုံခမုတ်တောကြီးထဲမှာ ယက်တို့အဖွဲ့ သရဲမကိုရှင်းပစ်ပြီး မိသားစုကိုကာကွယ်နိုင်မှာလား၊ သရဲမကိုဘယ်လိုနှိမ်နင်းမလဲဆိုတာတော့ ဇာတ်လမ်းရဲ့အဆုံးထိစောင့်ကြည့်ရမှာပါ။
Translated & Reviewed by Bex
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်