ဒီဇာတ်ကားဟာ ကာရေဘီယံမှာ အခြေတည်ထားတဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ် သူ့ရဲ့ချစ်သူနဲ့ တွေ့ဆုံဖို တစ်ကိုယ်တော်ရွက်လွှင့်လာတဲ့ နာအိုမီဟာ နစ်မြုပ်နေတဲ့ လူသုံးယောက်ကို တွေ့ရှိပြီး ကူညီပေးခဲ့ပါတယ်
အဲဒီလူသုံးယောက်ဟာသူမထင်နေသလို ရိုးရှင်းနေသူတွေ မဟုတ်ကြပါဘူး သူတိုတွေဟာ သင်္ဘောပျက်ကြီးက ကိုကင်းတွေကို ထုတ်ယူဖို နာအိုမီကို အတင်းအကြပ် တွန်းအားပေးတဲ့ မူးယစ်ကုန်ကူးသူတွေ ဖြစ်ကြောင်းကို သူမဟာ တွေ့ရှိခဲ့ပါတယ်
နာအိုမီဟာ ရေပြင်ပေါ်က မူးယစ်ကုန်ကူးသူတွေနဲ့ အန္တရာယ်ရှိတဲ့ ရေအောက်အခြေအနေက ငါးမန်းတွေရန်ကနေ လွတ်မြောက်ဖို သူမရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို အသုံးပြုပြီး ရင်ဆိုင်တဲ့ ပုံရိပ်တွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ် နာအိုမီအတွက် အကူအညီရလာမှာလား ဒါမှမဟုတ် ပင်လယ်ထဲမှာပဲ အဆုံးသတ်သွားရမှာလားဆိုတာကို ဆက်လက်ကြည့်ရှုရမှာပါ
Translated & Reviewed by Hyo
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ