အပနှင်တဲ့Mystery / Thriller တွေခေတ်စားနေတော့ ၂၀၂၃က ထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေးနဲ့ ပြန်မိတ်ဆက်ပေးချင်ပါတယ်ရှင်….
အပနှင်တဲ့သူလိုလို နတ်ဆရာလိုလိုနဲ့လူတွေကို 4D နည်းပညာတွေသုံးပြီး လိမ်ညာနေကြတဲ့ ဒေါက်တာချွန်း နဲ့ သခင်လေးဂန်လို ခေါ်တဲ့ သူ့ရဲ့တပည့် ဂန်အင်ဘယ်တိုဟာ အပနှင်တဲ့ အလုပ်ကို လုပ်ကြပေမဲ့လည်း သရဲ ရှိတယ်ဆိုတာကို လုံးဝအယုံအကြည်မရှိကြဘဲ သူတိုရင်ဆိုင်ရမယ့်အရာက သရဲ မဟုတ်တဲ့ လူတွေရဲ့ စိတ်တစ်ခုတည်းလိုပဲ ယူဆကြတာပါ….
ဒါပေမဲ့ တစ်နေ့မှာတော့ ယူဂယောင်းဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာပြီး သိန်း၁၀၀၀ ပေးပြီးတော့ သူ့ ညီမလေးကို အပနှင်ပေးဖိုအတွက် သူ့အိမ်ကို လိုက်ပေးဖိုလာခေါ်ပါတယ်…
ဒါပေမဲ့ လိုက်သွားကြတဲ့အခါ ဒေါက်တာချွန်းရဲ့ဘ၀မှာအကြီးမားဆုံးအခက်ခဲ အနက်နဲဆုံးပြဿနာကြီးတစ်ခုကိုကြုံတွေ့ရပြီး ဒီကိစ္စကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာကို Comedy Thriller ဆန်ဆန်ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်
–Translated & Encoded by MMFilm
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်