ဗွိုင်အိုလက်ဟာအတိတ်မှာအိမ်တွင်းအကြမ်းဖက်မှုဒဏ်ကိုခံခဲ့ရပြီးလက်ရှိမှာတော့သားလေးတိုဘီနဲ့အတူနေထိုင်နေသူပါ။သူ့ဘဝပြန်လည်ပျော်ရွှင်လာရဖို့အတွက်အမျိုးသားတစ်ယောက်နဲ့ဒိတ်ဖို့စီစဉ်ထားပါတယ်။ဒိတ်တဲ့ညမှာတော့ဗွိုင်အိုလက်ရဲ့ဖုန်းထဲကိုထူးဆန်းတဲ့Dropတွေဝင်လာပါတယ်။Dropဆိုတာကတော့Appတစ်ခုဖြစ်ပြီးသုံးစွဲသူချင်းနီးကပ်တဲ့အကွာဝေးတစ်ခုမှာရှိနေရင်စာတွေပုံတွေပို့လို့ရပါတယ်။ပုံမှန်အားဖြင့်Dropတွေမှာအပြောင်အပြက်စာတွေပို့တတ်ကြပေမဲ့ဗွိုင်အိုလက်ဆီကိုတော့သူ့ရဲ့နာမည်ကနေကိုယ်ရေးကိုယ်တာတွေပါသိနေတဲ့စာတွေဝင်လာပါတော့တယ်။ဒါတွေကိုသိနေတဲ့သူကဘယ်သူလဲ၊သူနဲ့ဒိတ်မယ့်အမျိုးသားကရောဘယ်သူလဲ၊အဲဒီညမှာဗွိုင်အိုလက်တစ်ယောက်ဘယ်လိုအန္တရယ်တွေရင်ဆိုင်ရမလဲဆိုတော့ဇာတ်ကားထဲမှာကိုယ်တိုင်ပဲကြည့်ရှုလိုက်ဖို့တိုက်တွန်းလိုက်ပါတယ်
Translated & Reviewed by Kay
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်