Rating မြင့် Sci-Fi ဇာတ်ကားတွေ အရိုက်များတဲ့ Director ကြီး Denis Vileneuve ရဲ့ DUNE ကတော့ သတ်မှတ်ထားတဲ့ ရက်ထက် စောပြီး ထွက်ရှိလာခဲ့ပါတယ် ။
မထွက်ခင်ထဲက Rating ကောင်းတွေရပြီး နာမည်ကြီးနေတဲ့ DUNE က ကောင်းလားဆိုရင်တော့ တော်တော်ကြီးကို ကောင်းတာပေါ့ဗျ ။ Denis Vileneuve ရဲ့ Cinematography တွေက ဒီကားမှာလည်း အရင်ကားတွေကလိုပဲ ခမ်းနားပြီး လှပလွန်းနေပါတယ် ။ ကြည့်နေတဲ့သူကိုပါ သူ့ရဲ့ ဇာတ်အိမ်တည်ရာ လောကထဲ ခေါ်ဆောင်သွားသလိုမျိူး အမိုက်စား visual တွေ Background theme တွေနဲ့ ခံစားရစေမှာပါ ။ Background theme ဆိုမှ ဒီကားအတွက် နောက်ခံ Score တွေကို ဖန်တီးပေးတဲ့ သူက တကယ့် သမိုင်းဝင် rating မြင့် ရုပ်ရှင် score တွေရဲ့ ပဲ့ကိုင်ရှင်ကြီး Hans Zimmer ပဲဗျ ။ ဒါကြောင့်လည်း background theme တွေက ဇာတ်ဝင်ခန်းတစ်ခုချင်းစီနဲ့လိုက်ဖက်ပြီး ပရိသတ်တွေကိုပါ ဇာတ်ကားထဲ စီးမျောပါသွားအောင် လုပ်နိုင်တာပါပဲ။
Visual ပိုင်းကို ထပ်ပြောရရင် DUNE ရဲ့ ဇာတ်လမ်းက အနာဂတ်ခေတ်လွန်ကာလမှာ ဇာတ်အိမ်တည်ထားတာဆိုတော့ တကယ်လို့သာ visual တွေက လျော့တိလျော့ရဲ ဖြစ်နေရင်
ဘယ်လောက်ပဲ ဇာတ်လမ်းကောင်းကောင်း ပရိသတ်တွေရဲ့
ကြည့်ချင်စိတ်ကို နှိုးဆွပေးနိုင်မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် ဒီအကြောင်းကို ကောင်းကောင်းသိတဲ့ Denis Vileneuve ကတော့ detail ကအစ သေချာအားစိုက်ပြီး ခေတ်သစ်အနာဂတ်ယဥ်ကျေးမှုတစ်ခုကို ပုံဖော်သွားတာက တအားကို မိုက်ပါတယ် ။ သူ့ရဲ့ ရိုက်ချက်တွေနဲ့ Costume တွေကို ကြည့်တာနဲ့ ဘယ်လောက် effort ထည့်ထားသလဲဆိုတာကို မြင်နိုင်သလို ခမ်းနားမှုကိုလည်း တစ်ပြိုင်တည်း ခံစားရစေနိုင်ပါတယ် ။
Casting ကလည်း အဆင်ပြေတယ် ။ characters တိုင်းနီးပါးက လုပ်ကွက်ရပြီး ရွေးထားတဲ့ actors တွေကလည်း
ဇာတ်ကောင်နဲ့ လိုက်ဖက်မှုရှိတယ်လို့ မြင်မိတယ် ။ အဲ့အပြင် actors တွေအားလုံးက နာမည်ကြီးတွေဆိုတော့ acting ပိုင်းမှာလည်း ပြောစရာမလိုလောက်အောင်ကို ကောင်းတယ် ။
ဇာတ်လမ်းတင်ဆက်ပုံက သွားတာ နည်းနည်းနှေးပြီး Character မိတ်ဆက်တွေပဲ များနေလောက်တယ်ဆိုပေမယ့် background score တွေနဲ့ သူ့ဟာနဲ့သူတော့ ကြည့်လို့ကောင်းတယ် ။ အရမ်းကြီး annoying ဖြစ်ပြီး ပျင်းလာလောက်တဲ့အထိတော့ မဆိုးဘူး ။ DUNE နဲ့ ပတ်သက်ပြီး ကျွန်တော် စာအုပ်လည်း မဖတ်ဖူးသလို ပထမကားလည်း မကြည့်ဖူးသေးတော့ Plot ပိုင်းကိုတော့ အရမ်းကြီး မဝေဖန်ချင်ဘူး ။ inter က critic တွေပြောပုံအရတော့ ပထမကားထက်တောင် စာအုပ်ထဲကအတိုင်း အကောင်းဆုံး မှီငြမ်းပြီး ရိုက်ကူးထားနိုင်တယ်ပြောကြတယ် ။ ကျွန်တော့်အတွက်တော့ Plot ပိုင်းက စိတ်ဝင်စားဖို့ကောင်းပြီး DUNE universe ကြီးတစ်ခုလုံးကိုကောင်းကောင်း build လုပ်သွားနိုင်တယ်လို့ ဆိုရမယ် ။ စောနကပြောခဲ့သလို character တစ်ယောက်ချင်းစီတိုင်းက လုပ်ကွက်ရပြီး character development တွေလည်း ပြသွားတာ လှတယ် ။
အကျဥ်းချုံးပြောရရင်တော့ 2021 အတွင်း ထွက်ရှိလာခဲ့သမျှ Sci-Fi ရုပ်ရှင်တွေထဲ အကောင်းဆုံးလို့တောင် ပြောနိုင်ပါတယ် ။ လက်ရှိမှာတော့ Rotten Tomatoes 89% အထိကို ရရှိထားပြီး IMDb score ကတော့ 8.3/10 ပါ ။
Review By ZEUS Myanmar
-=-===-=-=-=-===-=
Translated By Tun Tauk
Encoded By PULP
Resolution – 1080P , 720P
Size – 1GB , 2GB
-=-==-=-=-=-=-===