အာကာသယာဉ်မှူးအက်ရှာဟာ အာကာသယာဉ် ပေါက်ကွဲမှုဖြစ်ပြီးနောက်မှာ ရေတိုမှတ်ဉာဏ် ပျောက်ဆုံးသွားပြီး ဘေးကင်းယာဥ်ခန်းထဲမှာ နိုးထလာခဲ့ပါတယ် အက်ရှာနဲ့ နောက်ထပ်ရှင်ကျန်သူ မာရာတို နှစ်ယောက်ဟာ အောက်ဆီဂျင်ကို အတူမျှသုံးစွဲကြရင်း ကမ္ဘာမြေပေါ်ကို ပြန်ရောက်ဖို ကြိုးစားခဲ့ကြပါတယ် မထင်မှတ်ထားစွာပဲ သူတိုနဲ့အတူ နောက်ထပ်တစ်ယောက် လိုက်ပါလာတာကို သိရှိခဲ့ရပါတယ် အဲနောက်မှာတော့ ရှင်သန်ဖိုအတွက် သုံးယောက်အတူပူးပေါင်းမလား ကိုယ်လွတ်ရုန်းမလားဆိုတဲ့ လူသားဆန်မှုကို စိန်ခေါ်တဲ့ အခြေအနေတွေကို ရင်ဆိုင်ရပါတော့တယ်
အာကာသရဲ့ မသေချာမရေရာမှုတိုကို ကိုင်တွယ်ဖြေရှင်းရင်း အက်ရှာရဲ့ စိတ်ကိုအကျပ်အတည်း ဖြစ်ပေါ်စေတဲ့ အဖြစ်အပျက်များကိုလည်း ထည့်သွင်းရိုက်ကူးထားတာကို ကြည့်ရှုကြရမှာပါ ဇာတ်လမ်းဟာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတာနဲ့အမျှ စူးစမ်းစရာများနဲ့ စိတ်ပိုင်းဆိုင်ရာ လှည့်စားမှုများ ပြည့်နှက်နေတဲ့ ခရီးစဥ်တစ်ခုကို ကြည့်ရှုသူများက လိုက်ပါစီးမျှောရမှာဖြစ်ပြီး သိပ္ပံစိတ်ကူးယဉ်နဲ့ လျှိဝှက်ဆန်းကြယ်နှစ်ခြိုက်သူ ပရိသတ်များအတွက် ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်