ဆာရာဟာဂျာမန်စစ်ပြန်တစ်ဦးဖြစ်ပြီးသားလေးဂျော့နဲ့အတူနေထိုင်သူပါ။ဆာရာနဲ့သူ့ခင်ပွန်းတို့ဟာအာဖဂန်နစ္စတန်စစ်မြေပြင်မှာအတူစစ်မှုထမ်းရင်းစစ်ဆင်ရေးတစ်ခုမှာဆာရာရဲ့ခင်ပွန်းအပါအဝင်တပ်စိတ်တစ်ခုလုံးကျဆုံးခဲ့ပြီးဆာရာတစ်ယောက်သာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။ဒီလိုအဖြစ်ဆိုးကြောင့်ဆာရာဟာအတိတ်ကိုထင်ယောင်မှားနေတဲ့စိတ်ဝေဒနာကိုခံစားခဲ့ရတာကြောင့်ဆေးကုသမှုခံယူထားရတာပါ။ဒီလိုနဲ့နှစ်တချို့အကြာမှာတော့ဆာရာဟာအမေရိကပြောင်းနေဖို့အကြောင်းဖန်လာပါတယ်။ဒါကြောင့်ဗီဇာကိစ္စအတွက်အမေရိကန်ရုံးကိုသွားရင်းလုံခြုံရေးတင်းကြပ်လှတဲ့ရုံးထဲမှာတင်သူ့သားလေးဂျော့ကပျောက်ချင်းမလှပျောက်သွားပါတယ်။ရုံးတာဝန်ရှိသူတွေကတော့ကလေးကပါမလာပဲဆာရာရဲ့အထင်မှားနေမှုလို့သာဆိုပါတယ်။သားဇောနဲ့ရုံးထဲမှာမရမကလိုက်ရှာရင်းဂျော့ပျောက်ဆုံးမှုဟာသွေးရိုးသားရိုးမဟုတ်တဲ့အပြင်သူ့ရဲ့အတိတ်နဲ့ပါဆက်နွယ်မှုတွေရှိနေတာသိရပါတော့တယ်။ဂျော့ကဘယ်လိုပျောက်သွားတာလဲ၊ဘယ်သူတွေပါဝင်နေလဲဆိုတာတော့ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ဖို့ညွှန်းဆိုချင်ပါတယ်။
Translated & Reviewed by Kay
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်