ဆောင်းရာသီမှာ နှင်းစက်လေးတွေ ကြွေကျတာဟာ သဘာဝတရားကြီးရဲ့ ကောင်းချီးတစ်ခုပါပဲ ဒီလိုမျိုး ကောင်းကင်ယံကနေ သက်ဆင်းလာတဲ့ အဲဒီနှင်းစက်လေးတွေမှာ မတူကွဲပြားတဲ့ ပုံသဏ္ဍာန်အမျိုးစားပေါင်း ၃၅မျိုးရှိနေတာကတော့ ထပ်ဆောင်းအပိုဆုလာဘ်တစ်ခုပေါ့ ဒီဆုလာဘ်လေးကို သတိမူမိဖိုရာတော့ ခဲယဉ်းကြပါတယ်
ဒီလိုသေးငယ်ပြီး အရည်အပျော်ကျလွယ်တဲ့ နှင်းစက်တွေကို တယုတယနဲ့ ဓါတ်ပုံရိုက် မှတ်တမ်းတင်ထားတတ်သူကတော့ ဆီးနှင်းပွင့်ချစ်သူလေး တီဂန်ပါ သူမရိုက်ယူထားတဲ့ ဆီးနှင်းပွင့်ဓာတ်ပုံလေးတွေဟာဆိုရင် သိပ်ကိုလက်ရာမြောက်ပြီး လူတကာဩချလောက်စရာပေမဲ့ အခက်ခဲဆုံးနဲ့ အရှားပါးဆုံး ၁၂မြှောင့်ဆီးနှင်းကြယ်တစ်ပွင့်ကတော့ သူမရဲ့ လက်ရာမြောက်စာရင်းမှာ လစ်လပ်နေဆဲပါပဲ ဒါကိုသတိထားမိသွားတဲ့ အနုပညာလက်ရာစုဆောင်းသူ ကယ်ဗင်ဂဲရက်ဟာ အဲဒီရှားပါးဆီးနှင်းကြယ်လေးကို ခရစ်စ္စမတ်အမီရအောင် ရိုက်ယူပေးဖို သူမနဲ့ အပေးအယူ လုပ်ခဲ့ပါတယ်
အဲဒီအပေးအယူဟာ သူမနေထိုင်ရာမြိုလေးအတွက် ကောင်းကျိုးတွေ ဖြစ်တည်လာစေနိုင်မယ်ဆိုတာသိရတော့ တီဂန်ဟာ ဆီးနှင်းကြယ်လေးကို ရှာဖွေဖို နှင်းမုန်တိုင်းထဲကို တိုး၀င်ခဲ့ပါတော့တယ် နောက်ပြီး သူမရဲ့အချစ်ဦး နိုအာကပါ ဆီးနှင်းကြယ်ရှာပုံတော်မှာ အတူလိုက်ပါလာခဲ့ပါတယ် ၁၂မြှောင့်ဆီးနှင်းကြယ်တစ်ပွင့် ဖြစ်လာဖိုအတွက် ၆မြှောင့်ဆီးနှင်းကြယ်နှစ်ပွင့် ပေါင်းစည်းဖိုရာ လိုအပ်သလို တီဂန်နဲ့နိုအာ့ရဲ့ ပေါင်းစည်းမှုမှာရော ဘယ်လိုအံ့ဩလောက်စရာ ရလဒ်တွေဖြစ်လာမှာလဲ သူတိုနှစ်ဦးသားရဲ့ ဆီးနှင်းကြယ်ရှာပုံတော်ကရော Failမလား Winမလားဆိုတာကိုတော့ ဆောင်းအငွေ့အသက်တွေနဲ့အတူ ဆက်လက်ကြည့်ရှုကြရမှာပါ
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်