ဒီနှစ်ကတော့ အိန္ဒိယရဲ့လေတပ်ကားကောင်းလေးတွေထွက်ရှိလာတဲ့နှစ်ပါပဲ။
ဒီကားလေးကတော့ Dhoom 2..နဲ့ နာမည်အကြီးဆုံးဖြစ်ခဲ့တဲ့ မင်းသား Hrithik Roshan နဲ့ ညှိအားပြင်းအလှပိုင်ရှင် Deepika တိုရဲ့ အတွဲညီတဲ့ပေါင်းစပ်မှုနဲ့ထွက်ရှိလာတဲ့ Militrary Drama ကားလေးပါ။
ပါကစ္စတန်နဲ့ အိန္ဒိယနှစ်နိုင်ငံကြားကတင်းမာမှုတွေနဲ့ ပတ်သက်ပြီး ရိုက်ပြထားတဲ့ရှုထောင့်တွေကြောင့် UAE နိုင်ငံတွေမှာ ပြသခွင့်ပိတ်ပင်ခံခဲ့ရတဲ့ကားလည်းဖြစ်ပါတယ်…။
လုပ်ဖော်ကိုင်ဖက်တွေကြား သွေးသောက်ညီအစ်ကိုတွေကြားက ခိုင်မာတဲ့သံယောဇဉ်တွေနဲ့ နှစ်နိုင်ငံကြားက တင်းမာမှုတွေကို ဖော်ပြထားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ လေနဂါးများ လိုခေါ်တဲ့ အတော်ဆုံးတိုက်လေယာဉ်မှုးတွေချည်းစုစည်းအဖွဲကို အဖွဲမှုးအဖြစ် ရော့ကီ က ဦးဆောင်ပါတယ်။ သူ့လက်အောက်မှာ ဂုဏ်ထူးဆောင် တိုက်လေယာဥ်မှုးတွေဖြစ်တဲ့ ပက်တီ တာ့ဂျ် ဆူခီ ဘက်ရှ် မီနီ တိုပါ၀င်ပြီး အထူးလေ့ကျင့်ရေးတွေအတူတူဆင်းရတဲ့ အရေးပေါ်တုန့်ပြန်ရေးအဖွဲလည်းဖြစ်ပါတယ်။
တစ်ဖက်မှာလည်း ပါကစ္စတန်ကိုခြေကုပ်ယူထားတဲ့ ဂျာဟစ်အဖွဲက အာဇာအာ့ခ် ဆိုတဲ့ အကြမ်းဖက်သမားက အိန္ဒိယလေတပ်ကို ဦးတည်ပြီး တိုက်ခိုက်ဖိုအစီအစဥ်တွေနဲ့ အကြံအစည်တွေကို တစ်ခုချင်းစတင်ခဲ့တဲ့အချိန်မှာတော့ လူပေါင်းများစွာ သေဆုံးခဲ့ကြပြီး နှစ်နိုင်ငံကြားတင်းမာမှုတွေစတင်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကို ရော့ကီ ဦးဆောင်တဲ့ လေနဂါးအဖွဲအနေနဲ့ အရေးပေါ်တုန့်ပြန်မှုတွေကို ဘယ်လိုလုပ်ဆောင်သွားမလဲဆိုတာ…Air Dragon အဖွဲရဲ့ကြိုးအားထုတ်မှုတွေ စွန့်လွှတ်စတေးမှုတွေကို ရသမြောက်စွာရှုစားရမှာပါ…။
IMDB 6.9 ရထားပြီး တိုက်လေယာဥ်ကားကြိုက်နှစ်သက်သူများ သဘောတွေ့မယ့်ကားလိုယူဆမိပါတယ်။ ရှုစားကြပါဦး။
–Translated & Reviewed by Ariel
Encoded by X
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်