Fireheart (2022)
============
ဒီကားလေးကတော့ စိတ်ဓာတ်ကျနေတဲ့သူလေးတွေကို စိတ်ဓာတ်ခွန်အားအပြည့်အဝပေးမယ်လို့ ထင်ပါတယ်…. မီးသတ်သမားဟောင်း ရှောင်နိုလန်မှာ ဂျော်ဂျာဆိုတဲ့သမီးလေးရှိပါတယ် ဂျော်ဂျာဟာ ဖခင်ဖြစ်သူရှောင်လို မီးသတ်သမားကောင်းဖြစ်ချင်နေတာပါ သူ့မှာ အမ်ဘာလို့ခေါ်တဲ့ချစ်စရာခွေးဖြူလေးလည်းရှိပါတယ် ဂျော်ဂျာဟာကစားရင်တောင် မီးသတ်တမ်းကစားတယ် ဒါကိုစက်ချုပ်သမားဘဝနဲ့ရပ်တည်နေပြီဖြစ်တဲ့ အဖေဖြစ်သူရှောင်ကမကြိုက်ဘူး မဆော့ရဘူးလို့အမြဲတစေပြောတတ်တယ် မီးသတ်သမားဟောင်းဖြစ်ပါရက်နဲ့ ဘာလို့သဘောကျရတာလဲဆိုတဲ့မေးခွန်းတွေပဲဂျော်ဂျာ့ခေါင်းထဲရှိနေခဲ့ပါတယ် မီးသတ်သမားဖြစ်ချင်တဲ့ပြင်းပြတဲ့ဆန္ဒကိုတော့ ဂျော်ဂျာဟာမငြိမ်းသတ်နိုင်တဲ့အတွက် ညတိုင်း ရှောင်မသိအောင် လေ့ကျင့်နေခဲ့ပါတယ် တစ်နေ့မြို့တော်ဝန်ရောက်လာပြီး ရှောင့်ကို ပြဇာတ်ရုံတွေမီးရှို့ခံရတာနဲ့ပတ်သက်ပြီး အထူးတာဝန်ပေးခံရတာကို ဂျော်ဂျာသိသွားတဲ့နောက်မှာ ရုပ်ဖျက်ပြီး တူတူလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ဂျော်ဂျာ ဘယ်လိုတွေရုပ်ဖျက်ပြီး တာဝန်တွေကို ခိုးလုပ်မယ်ဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကြည့်လို့ရပါပြီ
Translated By Emerald
Encoded By Zion