Rambo ဆိုတာနဲ့ ခေါင်းမှာ အဝတ်စည်းပြီး
M60 ကြီးကိုင်ထားတဲ့ Stallone ပုံကိုပြေးမြင်ကြမှာသေချာပါတယ်။
အဲဒါကြောင့်ဒီကားနဲ့အထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။
IMDB Rating 7.7 ရရှိထားတဲ့ဇာတ်ကားလေးပါ။
အက်ရှင်ကားပရိတ်သတ်တွေအတွက် အတော်အကြိုက်တွေ့ကြမှာသေချာပါတယ်။
ကြည့်ပြီးသူတွေများမယ်ဆိုပေမယ့် မကြည့်ရသေးတဲ့သူတွေအတွက်
ဇာတ်လမ်းအကျဉ်းလေးပြောပါဦးမယ်။
ဗီယက်နမ်စစ်ပြန်တစ်ယောက်ဖြစ်တဲ့ John.J. Rambo ဟာ
အိမ်ခြေရာမဲ့လျှောက်သွားနေသူတစ်ယောက်ဖြစ်နေပြီး
သူ့ရဲ့တစ်ဦးတည်းသောစစ်ပြန်သူငယ်ချင်းဆီ သွားတဲ့အခါ
သေဆုံးသွားကြောင်းကိုကြားလိုက်ရပါတယ်။
လေလွင့်နေရင်း နယ်မြို့လေးတစ်မြို့ကိုရောက်သွားပြီး
အဲဒီမြို့က ဒေသခံရဲမှုး နဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ အာဏာအလွဲသုံးစားလုပ်ပြီး
မရှိတဲ့အမှုကိုရှာကြံပြီး တရားစွဲဖို့ကြိုးစားနေပြီး အနိုင့်အထက်လုပ်တာကိုခံရတဲ့အခါ
ရဲစခန်းက ထွက်ပြေးခဲ့ပါတယ်။
သူ့အသက်ကိုသတ်ဖို့ကြိုးစားလာတဲ့အထိဖြစ်လာတာကြောင့်
ပြန်လည်တုံ့ပြန်ခဲ့ပုံကိုတော့ ဇာတ်ကားမှာကြည့်ပါဗျာ။
Translated by – Nezu
Encoded by – Nezu