ဝန်ကြီးချုပ်မင်းသား
မဟေ့ရှ်ဘာဘူးရဲ့၂၀၂၄ ထွက် Guntur Kaaram
ရုံတင်ကားသစ်ကို မဟေ့ရှ်ဘာဘူးပရိသတ်တွေအတွက်
တင်ဆက်လိုက်ပါတယ်
Guntur Kaaram က comedy, action,
drama အားလုံးကိုတစ်ကားထဲမှာထည့်ပြီး
ကောင်းမွန်စွာပေါင်းစပ်ရိုက်ကူးထားပြီးတော့
IMDB rating လည်း7.8 ရထားတဲ့ကားဖြစ်ပြီးတော့
ရုံတင်ချိန်မှာလည်း
တပတ်အတွင်း ကုဋေ ၂၀၀ ကျော် ရခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့
ရာမနာ က ဂန်တာမြိုသားဖြစ်ပြီး
ဆယ်နှစ်သားကတည်းက မိသားစုပိုင် ဂိုဒေါင်ကြီးကို
မီးလောင်မှုဖြစ်ပြီးကတည်းက
အမေ့ထံမှစွန့်ပစ်ခံခဲ့ရပါတယ်
ချစ်ရတဲ့မိန်းမရဲ့ ကွာရှင်းခြင်းကို
ခံလိုက်ရတဲ့ အဖေဖြစ်သူကလည်း
စိတ်ဓါတ်တွေကျပြီး သားဖြစ်သူကို ဂရုမစိုက်ပါဘူး
အဖေ့ဆီကလည်းအချစ်မခံရ
အမေ့ဆီကလည်းအချစ်မခံရနဲ့
အရွယ်ရောက်လာပြီးချိန်မှာ
သူဟာ ငရုတ်သီးကုန်သည်တွေထဲမှာ
ဆရာတစ်ဆူဖြစ်လာပါတော့တယ်
သူချစ်လှပါတယ်ဆိုတဲ့အမေကတော့
သူ့အဖိုးစိတ်တိုင်းကျ သူ့အစ်ကိုဝမ်းကွဲကိုပြန်ယူပြီး
ဝန်ကြီးဖြစ်နေပါပြီ
တစ်ရက်မှာတော့
သူ့အမေအိမ်ကခေါ်တယ်ဆိုတဲ့သတင်းရပြီး
အမေနဲ့အရမ်းတွေ့ချင်နေတဲ့ရာမနာဟာ
အပြေးသွားခဲ့ပါတယ်
ဒါပေမယ့်
ခေါ်တဲ့အကြောင်းရင်းက
ရာမနာကို မိသားစုနဲ့
မသက်ဆိုင်ကြောင်း လက်မှတ်အတင်း
ထိုးခိုင်းဖိုဖြစ်နေပါတယ်
ရာမနာက အမေဖြစ်သူနဲ့
တွေ့ချင်ပြီး အမေ့ရဲ့ဂရုစိုက်မှု၊ ထွေးပွေ့ယုယမှု
တိုကို လိုချင်ပေမယ့် သူ့အမေကတော့ သူ့ကို
ခက်ခက်ထန်ထန်ပဲ ဆက်ဆံပြီး
တွေ့တွေ့ချင်းပါးရိုက်ခံလိုက်ရပါတော့တယ်
ဒီအချိန်မှာ ရာမနကဘယ်လိုတုန့်ပြန်မလဲ
ဒီလိုကိစ္စတွေကရော ဘာကြောင့်ဖြစ်နေတာလဲ
နောက်ကွယ်ကလက်မည်းကြီးကိုရော
ဖေါ်ထုတ်နိုင်မှာလားဆိုတာကတော့
ရုပ်ရှင်လေးကိုပဲဒေါင်းကြည့်လိုက်ပါတော့နော်