ဒီဇာတ်ကားလေးရဲ့ ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့…
တစ်နေ့မှာတော့ စူးစမ်းရှာဖွေမှုတွေကိုကြိုက်တဲ့ဆယ်ကျော်သက်လူငယ်အုပ်စုဟာ သူတို့ကျောင်းရဲ့ နက္ခတ်တဗေဒကိုလေ့လာတဲ့ပါမောက္ခက သူနေထိုင်ရာအနီးတစ်ဝိုက်မှာ ဥက္ကာပျံတစ်ခုလို့ထင်ရတဲ့ အမျိုးအမည်မသိတဲ့အရာကိုရှာဖွေဖို့ အတူတူသွားဖို့ခေါ်ရင်းကနေ ဒီဇာတ်လေးကဖြစ်လာတာပဲဖြစ်ပါတယ်
အဲ့ဥက္ကာပျံလို့ထင်ရတဲ့အရာက ပင်လယ်ထဲကိုကျသွားတာကြောင့် အဲ့အရာကိုလိုက်လံရှာဖွေဖို့လုပ်ကြပါတော့တယ်
သူတို့အုပ်စုကတော့ အားလုံးပေါင်း ၆ယောက်ပါဝင်ကြပြီး အဲ့ထဲမှာ သိပ္ပံပညာကို တော်တော်လေးယုံကြည်ကြသူတွေနဲ့အတူ မကောင်းဆိုးဝါးဆိုတာက တကယ်ရှိတယ်ဆိုတာကိုယုံကြည်တဲ့သူ နောက်ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့သူတွေလည်းပါဝင်ကြပြီး ကိုယ်ယုံကြည်ရာသာအမှန်ဆိုတဲ့လူသဘာဝအရတော့ အတွေးတွေကတော့တူမနေကြတာတော့အမှန်ပါပဲ
ဒီလိုနဲ့ ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်ကြီးမှာရှာဖွေကြရင်း မကောင်းဆိုးဝါးဆိုတဲ့အရာကရော တကယ်ရောရှိနေမလားဆိုတာကို အယူအဆမတူတဲ့သူတွေငြင်းခုံကြရင်း အသက်နဲ့ထပ်ကာလောင်းကြေးတွေကို ထပ်ကြတဲ့အခါမှာတော့ သူတို့အကုန်လုံးအသက်ရှင်နိုင်ပါ့မလား ဒါမှမဟုတ် ဘယ်နှစ်ယောက်သေသွားမလဲ
နောက်ပြီးတော့ သူတို့ရှာဖွေတဲ့အဲ့ဥက္ကာပျံလို့ထင်ရတဲ့အရာကရော ဘာများလဲဆိုတာကိုတော့…
-=-=-=-=-=-=-=-=-=-
Translated by Zark
Encoded by Nezu