ဒီဇာတ်ကားလေးကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Planet of The Apes series ရဲ့ ၁၀ကားမြောက် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်အိမ်တည်ထားတာကတော့ War for the Planet of the Apes (2017) ဇာတ်ကားရဲ့ ဇာတ်လိုက် ဆီဆာသေဆုံးပြီး နှစ်သုံးရာအချိန်ဖြစ်ပါတယ်။ စစ်ပွဲကြီးပြီးဆုံးပြီးနောက်ပိုင်း လူသားမျိုးနွယ်အများစုပျောက်ဆုံးသွားချိန် နိုအာဆိုတဲ့ မျောက်ဝံလေးဟာ သိမ်းငှက်တွေနဲ့မိတ်ဆွေဖွဲပြီးနေကြတဲ့ မျောက်မျိုးနွယ်စုမှာနေထိုင်နေပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ အက်ကိုးမျောက်ဝံမျိုးနွယ်တွေဟာ မေဆိုတဲ့ လူသားတစ်ယောက်နောက်ကို အမဲလိုက်ရင်း နိုအာတိုရွာကိုရှာတွေ့ပြီး ရွာအကြီးအကဲတွေကိုသတ်ဖြတ် အကုန်လုံးကို အကျဉ်းသားအနေနဲ့ ခေါ်သွားပါတယ်။
ကံကောင်းစွာနဲ့ နိုအာ့ကို အားလုံးက သေသွားပြီထင်ပြီး ထားခဲ့ကြပေမယ့် နိုအာ သတိရပြန်ရလာချိန်မှာ အော်ရန်ဂူတန်မျောက်အိုကြီးဟာ ကုသပေးပြီးတော့ သူဟာ ရှေးခေတ် ဆီဆာရဲ့စကားကိုလိုက်နာကြောင်း လူသားတွေနဲ့ သမိုင်းကြောင်းတွေကို သိသလောက်ပြောကြားရင်း နိုအာနဲ့အတူ မေ့ကိုပါ ကယ်ဆယ်ရင်း ခရီးထွက်လာကြပါတော့တယ်။ နောက်ဆုံးမှာတော့ အက်ကိုးတွေဖမ်းတာကိုခံလိုက်ရတဲ့အချိန် လူသားတွေရဲ့ စစ်လက်နက်တွေကိုဖွက်ထားခဲ့တဲ့ သိုလှောင်ရုံကြီးကို ဖောက်ထွင်းပြီး လက်နက်တွေနဲ့ ကမ္ဘာသစ်တည်ဆောက်ဖိုကြိုးစားနေတဲ့ ပရိုစီမက်စ်ကိုတွေ့လိုက်ရတဲ့နောက်မှာတော့…..ဘာတွေဆက်ဖြစ်သွားမလဲ နိုအာအနေနဲ့ သူ့မျိုးနွယ်တွေကိုကယ်တင်ရင်း အိမ်ကိုပြန်နိုင်မလား မေ ကရော ပရိုစီမက်စ်ကို ဘယ်လိုတားမလဲဆိုတာတွေကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
Translated & Reviewed by Win Htut
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်