Little Siberia ဆိုတဲ့ Netflix ကအသစ်ထွက်ရှိထားတဲ့ ကားလေးကတော့ ဖင်လန်နိုင်ငံသား Antti Tuomainen ရေးထားတဲ့ Little Siberia ဆိုတဲ့စာအုပ်ကို ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီကားလေးမှာဆိုရင် Finland နိုင်ငံက အရမ်းအေးတဲ့မြို့လေးတစ်မြို့ပေါ်ကို ဥက္ကာခဲတစ်ခုက ပြုတ်ကျခဲ့ပြီးတော့ ဘုန်းတော်ကြီးဂျိုးလ်က ပြတိုက်မှာထိန်းသိမ်းထားရာကနေ သူ့ဘဝရဲ့ ပြောင်းလဲမှုကြီးနဲ့ရင်ဆိုင်လာရပါတယ်။
ရွာသားတွေကလည်း ဒီဥက္ကာခဲက သူတို့ရွာရဲ့အနာဂတ် ဖြစ်မှာလို့ မျှော်လင့်ထားရင်း ဒီဥက္ကာခဲရဲ့ သရုပ်အမှန်ကို ရှာတွေ့သွားနိုင်မလား?
ဒါ့အပြင် သင်းအုပ်ဆရာကြီးဘဝရဲ့နောက်ကွယ်မှာ လျှို့ဝှက်ထားတဲ့အရာတွေကို အဖြေရှာလို့တွေ့သွားမလား?
ဒီဥက္ကာခဲကိုလည်း လိုချင်တဲ့သူတွေ ရန်ကနေ သူကာကွယ်ရင်း ဒီဥက္ကာခဲကရော ဘယ်ကနေဘယ်လို ရောက်လာတာလဲဆိုတာကိုတော့ ဒီ Little Siberia ဆိုတဲ့ သိပ္ပံကားလေးမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
Translated & Reviewed by Yu
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်