ဒီ Locked Down ဆိုတဲ့ကားလေးက ကြည့်ရှူသူတွေကို ဇာတ်လမ်းခပ်အေးအေး Cast အလန်းစားတွေနဲ့ ဖြည်းဖြည်းချင်း
Covid Lockdown ကြောင့် တစ်အိမ်တည်းမှာ ပိတ်မိနေကြတယ်။ ဘ၀ကိုအရိုင်းဆန်ဆန်ဖြတ်သန်းခဲ့တဲ့ Paxton နဲ့ တော်ပြီးထက်
မြက်တဲ့ Linda တို့ အချိုးအကွေ့တစ်ခုမှာ ဆုံခဲ့ကြပေမဲ့ Paxton တစ်ယောက်ကတော့ တစ်ညမှာ သူလုပ်လိုက်တဲ့အမှားတစ်ခုကြောင့်
ဒီလိုတွေ သူဘ၀ဆက်တိုက် ကံဆိုးနေရတာလို့ ထင်နေတယ်။ Linda ဆိုတဲ့အမျိုးသမီးလေးကလည်း အပြင်ပန်းကကြည့်ရင် အလုပ်
အကိုင်ကောင်း ၀င်ငွေကောင်းပေမဲ့ စိတ်ဖိစီးစရာ စိတ်ရှုပ်စရာတွေအပြည့်ရှိနေတာကို အတူနေတဲ့ သူ့ရည်းစား Paxton မပြောနဲ့ တစ်ဦး
တစ်လေတောင်မသိ၊ ဒီလိုနဲ့ ကံကြမ္မာကြောင့်ပဲလိုဆိုရမလား သူတို့ရဲ့ ချွတ်ချော်နေတဲ့လမ်းတွေကို ပြန်စုံစည်းပေးမဲ့ကိစ္စတစ်ခုပေါ်လာခဲ့
ပါတော့တယ်။ မထင်မှတ်ပဲ တကယ်ရင်ထဲရောက်စေတဲ့ကားလေးမို့ အများကြီးဆက်ညွှန်းနေရင် အရသာပေါ့သွားမှာဖြစ်တဲ့အတွက်
အခုပဲကြည့်ရှုလိုက်ဖို့ တိုက်တွန်းပါရစေ။
ဒီကားထဲက Cast တွေကတော့ အားလုံးသိကြတဲ့ Anne Hathaway (Cat Woman) နဲ့ Chiwetel Ejiofor တို့က အဓိကပါဝင်သရုပ်
ဆောင်ပေးထားပါတယ်။
REVIEW CREDIT