Marmaduke(2022)
————————
Marmaduke လို့ခေါ်တဲ့ အသက်ကြီးကြီးခွေးတစ်ကောင်ဟာ သောင်းကြမ်းလွန်းတာကြောင့် မိသားစုတွေကလည်း
ဘယ်လိုကိုင်တွယ်ရမှန်း မသိလို့ အခက်တွေ့နေပါတယ်။
တစ်ရက်မှာတော့ Marmaduke ရဲ့ ဗီဒီယိုဟာ အင်တာနက်မှာ ပေါက်သွားပြီးတော့ Marmadukeက ထိန်းချုပ်လို့မရနိုင်တဲ့
ခွေးတစ်ကောင်ဆိုပြီး ပြောခဲ့ကြပါတယ်။ တစ်ရက်မှာတော့ ကမ္ဘာ့ခွေးချန်ပီယံပြိုင်ပွဲမှာ ခြောက်ကြိမ်ဆက်တိုက် ဗိုလ်စွဲထားတဲ့
Guy Hiltonဆိုတဲ့ ခွေးလေ့ကျင့်ပေးတဲ့သူက Marmadukeကို ကမ္ဘာ့ခွေးချန်ပီယံပြိုင်ပွဲဝင်ဖို့ကမ်းလှမ်းလာပါတော့တယ်။
အဲ့တော့ Marmadukeတစ်ကောင် ပြိုင်ပွဲဝင်ပြီး အနိုင်ရရှိနိုင်မှာလား။ တကယ်ပဲ ထိန်းချုပ်လို့မရနိုင်တဲ့ခွေးတစ်ကောင်လား။
ပြိုင်ပွဲမှာဘယ်လို အခက်အခဲတွေ ကြုံရမလဲဆိုတာ သားသားမီးမီးတို့ ပရိသတ်ကြီးအကြိုက် ကာတွန်းဇာတ်ကောင်နဲ့
ဟာသလေးတွေနဲ့ ရောနှောထားတာဖြစ်လို့ စိတ်ဝင်စားပြီးကြည့်ကောင်းတဲ့ ကာတွန်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
——————-
Translated and Encoded by MMfilm Team