ဒီကားလေးကတော့ ဖြစ်ရပ်မှန်တစ်ခုအပေါ် Loosely base လုပ်ပြီးရိုက်ကူးထားတဲ့ ကားလေးပါ ။
လူ့အဖွဲ့အစည်းရဲ့ စံချိန်စံညွှန်း..ဥပဒေရဲ့စံချိန်စံညွှန်းကိုဖောက်ဖျက်ပြီး ချစ်ခဲ့ကြတဲ့ လူနှစ်ယောက်….
“ဘယ်အချိန်မှာ နားလည်သွားခဲ့လဲ…?”
“အခုထိတောင် နားလည်သေးရဲ့လားပဲ…သူက ဒီအတိုင်း တရားသူကြီးတွေကို ပြောပြလိုက်ရင်ရပြီလို့ထင်နေတာ….”
“သူက သူ့ကိုယ်သူ မှားတယ်လို့ကိုမထင်တာ..”
“အသက် ၃၆ နှစ်အရွယ်မိန်းမတစ်ယောက်က ဒီလိုလုပ်ရပ်မျိုးလုပ်သွားစေလောက်တာ ဘယ်လိုအရာရဲ့တိုက်တွန်းမှုလဲလို့ပဲ တွေးမိတယ်….”
ဒါကတော့ ဂရေစီနဲ့ ပတ်သက်ဆက်နွယ်ခဲ့ကြတဲ့ ..လူအသီးသီးရဲ့ သုံးသပ်ချက်တွေပါ။
ဒီကားလေးမှာ ဂရေစီနဲ့ ဂျိုးနဲ့ ကြားက Conflict တွေ..Mental Insecurities တွေ…အထူးသဖြင့် ဂရေစီနေရာကသရုပ်ဆောင်ထားတဲ့ မင်းသမီးကြီး
Julianne Moore ရဲ့ သရုပ်ဆောင်ချက်တွေက အရမ်းပီပြင်လှပါတယ် ..။ ဂျိုးရဲ့ conflict တွေ…အရွယ်သိပ်မကွာတဲ့ သားသမီးတွေကို Inner Child တောင် မပျောက်ကွယ်သေးခင် ကောလိပ်ပို့ရတဲ့ ငယ်ရွယ်လွန်းတဲ့ အဖေတစ်ယောက်ရဲ့ ခံစားချက်တွေဆို ကရုဏာသက်စရာ ..နားလည်စရာကောင်းလှပါတယ်။
ဂရေစီနဲ့ အပြိုင် အဲလိဇဘက်နေရာက အားပြိုင်ရမယ့် Natali Portman ရဲ့ တစထက်တစ်စ ဒီ Conflict တွေထဲ နစ်၀င်လာတဲ့ပုံရိပ်တွေကလည်း သဘာ၀ကျလှပါတယ်။
ပြကွက်တစ်ခုစီတိုင်းမှာ အတွေးတွေတသီကြီးနဲ့ ချန်ခဲ့ပေးမယ့် ကားလေးပါ။ ကိုရီးယားကားတွေရဲ့ လောင်နည်းနဲ့ မတူပဲ သူက ဖွဲမီးလို တငွေ့ငွေ့လောင်နေစေမယ့် IMDB 7 ရထားတဲ့ကားလေးမို့ ရှုစားကြပါဦး။
Translated & Reviewed by Ariel
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ