နိုင်ငံတော်ထောက်လှမ်းရေးအေးဂျင့်တစ်ယောက်ဖြစ်ပြီး အသန့်အရမ်းကြိုက်လွန်းတဲ့ မန်နေဂျာဂျူထယ်ဂျူ။ အလုပ်လုပ်ကိုင်တဲ့နေရာမှာတော်ပြီးစည်းစနစ်တကျ နေတတ်သော်လည်း မကောင်းတဲ့အချက်က တိရစ္ဆာန်တွေကို ညစ်ပတ်တာကြောင့်ဆိုပြီး မုန်းနေတဲ့သူတစ်ယောက်ပါ။
အဖေဖြစ်သူကတော့ တိရစ္ဆာန်တွေကိုမုန်းတီးနေပေမဲ့ သမီးဖြစ်သူ ဂျူဆောယွန်းကတော့ တိရစ္ဆာန်တွေကိုအရမ်းချစ်တာကြောင့် တိရစ္ဆာန်ဆရာဝန်လုပ်မယ်လို့ပြောနေတာကို နားမလည်နိုင်တဲ့ဂျူထယ်ဂျူတစ်ယောက်။
တစ်နေ့မှာတော့ ကိုရီးယားတရုတ်ချစ်ကြည်ရေးအတွက် တရုတ်ဘက်ကသံတမန်ပို့လိုက်တဲ့အတွက် စောင့်ရှောက်ပေးရမဲ့စစ်ဆင်ရေးမှာ တာဝန်ထမ်းဆောင်နိုင်ရင် ရာထူးတိုးမယ်ဆိုတာသိသွားတဲ့ ဂျူထယ်ဂျူက တရုတ်သံတမန်လေးဖြစ်တဲ့ ပန်ဒါမင်မင်ကိုစောင့်ရှောက်ဖို့တာဝန်ယူလိုက်ပါတော့တယ်။
သံတမန်လေးကိုကော ပွဲအခမ်းအနားပြီးတဲ့အထိ ဂျူထယ်ဂျူတစ်ယောက်စောင့်ရှောက်နိုင်ပါ့မလား? သူ့ရဲ့ တိရစ္ဆာန်မုန်းတီးတဲ့စိတ်နဲ့ မင်မင်ကိုကော ဘယ်လိုစောင့်ရှောက်သွားမလဲဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်
Reviewed & Reviewed by Rhea
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ