ကျတော်တို့ အချစ်တော်ကြီး ဆြာဘတ်(ဘတ်မန်း)(Bat Man)မ မွေးခင် သူ့ရဲ့ အဖေ သောမတ်စ်ဝိန်း နဲ့
ခေတ်သစ် ဘတ်မန်းမှာ ဘတ်မန်းရဲ့ သစ္စာရှိ ဘဏ္ဍာစိုး အယ်ဖရတ်တို့ရဲ့ ဇာတ်လမ်းအကြောင်း တွေရိုက်ကူး
တင်ပြထားတာဖြစ်ပါတယ်…ဒီဇာတ်လမ်းက comic book မှာ နာမည်ကြီးခဲ့ပြီး ယခုအခါ DC ကနေ series အနေ နဲ့ ရိုက်ကူးတာပဲ ဖြစ်ပါတယ်…
ဇာတ်လမ်းက ၁၉၆၀ ဝန်းကျင်ကာလ ဖြစ်ပြီး ဘတ်မန်း ရဲ့ သစ္စာခံ အယ်ဖရတ် ကို လူငယ်ဘဝ အနေ နဲ့
တွေ့မြင်ရမှာ ဖြစ်ပီး သူက ဘဏ္ဍာစိုး တစ်ယောက်မဟုတ်သေးသလို…ဒီဇာတ်လမ်းတွဲမှာ ဘတ်မန်း
အကြောင်းလဲ မပါပါဘူး(မွေးမှ မမွေးသေးတာကို:3)
ဇာတ်လမ်း အကျဉ်းချုပ် ပီးပြောရ ရင် အသက်၂၆ နှစ်အရွယ် ရှိတဲ့အယ်ဖရတ်က ၁၀ နှစ်ကြာ စစ်မှုထမ်းပီး
နောက် လန်ဒန် မြို့မှာ လုံခြုံရေး နဲ့ဆိုင်တဲ့ စီးပွားရေးကို စလုပ်ဖို့ အတွက် နိုက်ကလပ် တခုမှာ သူကိုယ်တိုင်
လုံခြုံရေးဝင်လုပ်ပါတယ်..အဲ့မှာ ဘတ်မန်းရဲ့ အဖေ ဖြစ်လာမယ့် ဝိန်း နဲ့ တွေ့ခဲ့ပါတယ်…ပီးတော့ သူ့ရဲ့
ကောင်မလေး ကိုလဲ ရခဲ့ပါတယ်..လန်ဒန်မြို့မှာလည်း ဖက်ဒရယ်စနစ် တွေ ဆိုရှယ်လစ် စနစ် တွေနဲ့ အုပ်ချုပ်ချင် တဲ့သူတွေ
သူတလူငါတမင်း နဲ့ သိပ်တော့ မငြိမ်းချမ်းလှပါဘူး….အယ်ဖရတ် ကငယ်ရွယ် တက်ကြွ ပြီးတော့ စစ်မှု ထမ်းစဉ်ကလဲ ဆုတံဆိပ်တွေ
ရခဲ့တဲ့ သူပါ..အဲ့တာနဲ့ သူ့ကို မျက်စိကျ ပြီး သူ့အတွက် နေရာတွေရလာပါတယ်…ဆိုတော့ဆိုတော့
ဒါင်းပြီး ဆက်လက် ရှုစားကြပါ…….
IMDB လညး် 8.2 ထိရထားတယ်ဆိုတော့ ကြည့်သင့်တဲ့ Serie ထဲမှာပါတယ်ဗျ