Picture This 2025
ဖီအာဆိုတဲ့ကောင်မလေးက သူ့အဘွားရဲ့အိပ်မက်အတိုင်း တစ်နိုင်တစ်ပိုင်ဓာတ်ပုံစတူဒီယိုလေးကိုဖွင့်ထားပေမဲ့ စတူဒီယိုကထင်သလောက် မအောင်မြင်ပါဘူး။ သူ့မှာအမေနဲ့ညီမလေးတစ်ယောက်ရှိပြီးတော့ ဝယ်လင်မြို့မှာကျန်ခဲ့တဲ့ အချစ်ဦးလည်းရှိနေပါတယ်။ တစ်နေ့သူ့အမေက သူတို့ကိုခေါ်ပြီး မင်္ဂလာဆောင်တဲ့အခါလက်ဖွဲ့ဖို့လက်ဝတ်ရတနာတွေစုထားတဲ့အကြောင်းခေါ်ပြပြီး လက်မထပ်ချင်တဲ့ဖီအာ့ကိုလည်း လက်ထပ်ဖို့တိုက်တွန်းပါတယ်။ ဖီအာ့ညီမလေး မင်္ဂလာမဆောင်ခင် စေ့စပ်ပွဲလေးအရင်လုပ်ပါတယ်။ အဲဒီမှာဗေဒင်ဆရာက ဖီအာ့ကို လူငါးယောက်နဲ့ဒိတ်ပြီးရင် အဲဒီထဲကတစ်ယောက်ကဖူးစာရှင်ဖြစ်မယ်လို့ဟောလိုက်လို့ ဖီအာ့ရဲ့မိသားစုတွေကလည်း ဖီအာနဲ့ဒိတ်ဖို့လူတစ်ယောက်စီရှာပေးကြပါတော့တယ်။ လက်မထပ်ချင်တဲ့ဖီအာ လူငါးယောက်နဲ့ဒိတ်ပြီး ဖူးစာရှင်အစစ်မှန်ကိုရှာတွေ့ပါ့မလား၊ သူ့ရဲ့ဓာတ်ပုံစတူဒီယိုကရောအောင်မြင်ပါ့မလားဆိုတာကို ဒီကားလေးထဲမှာစောင့်ကြည့်ပေးကြပါဦးနော်။
Translated & Reviewed by Bex
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်