ဒီတစ်ခါမိတ်ဆက်ပေးမဲ့ကားလေးကတော့ ဂျပန်တွေလက်အောက်က ကိုရီးယားနိုင်ငံလွတ်လပ်ရေးရစဥ်က စစ်ဘေးသင့်နေသေးတဲ့နိုင်ငံတစ်ခုဖြစ်တာကြောင့် အမေရိကန်စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေခဲ့ရပါတယ်။ လွတ်လပ်ရေးရပြီးသားနိုင်ငံတစ်ခုဖြစ်ပေမဲ့ တခြားတစ်နိုင်ငံရဲ့ အကာအကွယ်အောက်မှာရှိနေရတာမလို ကိုရီးယားနိုင်ငံဆိုတာကိုကမ္ဘာကအသိအမှတ်မပြုသေးတဲ့အချိန်အကြောင်း ရိုက်ကူးတင်ဆက်ပေးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ်။
နည်းပြ ဆွန်းဂီဂျောင်ကတော့ ဂျပန်လက်အောက်မှာရှိစဥ်က ဘာလင်မာရသွန်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်ပြီး ပထမနေရရခဲ့သော်လည်း ကိုယ့်နိုင်ငံဖြစ်တဲ့ ကိုရီးယားနိုင်ငံအလံအစား ဂျပန်နိုင်ငံကိုရင်ဘတ်မှာချိတ်ပြီး ပြိုင်ခဲ့ရတာကြောင့် ရရှိခဲ့တဲ့ ကမ္ဘာ့အသိအမှတ်ပြုစံချိန်က ကိုရီးယားနိုင်ငံကစားသမားအစား ဂျပန်နိုင်ငံကရတဲ့မှတ်တမ်းအဖြစ် မှတ်တမ်းတင်ထားခံခဲ့ရပါတယ်။
ဘာလင်အိုလံပစ်မာရသွန်ပြိုင်ပွဲအပြီး ကမ္ဘာစစ်တွေကြောင့် ပြိုင်ပွဲတွေနားထားရာက ၁၀ နှစ်ကျော်အကြာမှာ ဘော်စတွန်မှာ မာရသွန်ပြိုင်ပွဲလုပ်မယ်ဆိုတဲ့သတင်းကြောင့် နည်းပြ ဆွန်းဂီဂျောင်နဲ့ နည်းပြ နမ်ဆွန်းယောင်းတို ကစားသမားရွေးရာက ဆောယွန်းဘိုဆိုတဲ့လူငယ်လေးကိုတွေ့ခဲ့ပါတယ်။ မွေးရာပါ အပြေးမှာပါရမီပါတာကြောင့် မာရသွန်ပြိုင်ပွဲဝင်အဖြစ်လေ့ကျင့်ပေးဖိုကြိုးစားကြပါတော့တယ်။
ဆောယွန်းဘိုတစ်ယောက် မာရသွန်ပြိုင်ပွဲကိုအောင်မြင်နိုင်ပါ့မလား၊ နည်းပြနှစ်ယောက်ရဲ့ နိုင်ငံ့ဂုဏ်ဆောင် မှတ်တမ်းတင်နိုင်ဖိုကြိုးစားတာလည်းအောင်မြင်နိုင်ပါ့မလားဆိုတာစိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ်။
Translated by Rhea
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ