အချစ်ဟာ နူးညံ့တယ် သိမ်မွေ့တယ်..နှစ်လိုဖွယ်အတိနဲ့သူ့အကြောင်းလေး တွေးနေရရင်ကို အိပ်မပျော်တဲ့ညတွေ…အရာရာကို မေ့လျော့သွားတဲ့ အခိုက်အတန့်တွေ ရှိတယ်။အချစ်ဦးဆိုရင် ပိုလို့တောင် ရင်ဖိုဖို့ကောင်းသေး၊ဒါကြောင့်လည်း ရှေးလူကြီးတွေက “အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူး”လို့ဆိုရိုး ထားခဲ့ပုံပါပဲ….။ဒါက ဒီကားထဲက ဇာတ်ကောင်ဖြစ်တဲ့ဆီဗာ့ကိုယ်စား ကျွန်တော် ခံစားမိတာလေးပေါ့။တစ်ဖက်က ကြည့်တော့ကိုယ့်ဘက်က ဘယ်လောက်ပဲ ချစ်ချစ်အချစ်ဆိုတာ ခဏတာအထိအတွေ့ကို ယစ်မူးရုံလောက်သာ သဘောထားပြီး ယောက်ျားဆိုတာ သူ့အတွက် ကစားစရာလို့ သတ်မှတ်ထားတဲ့အင်ဒူးလို မိန်းကလေးတွေလည်း ရှိနေသေးတယ်။ဘယ်ယောက်ျားကို ဘယ်လိုပဲ ကစားကစားပြသနာမရှိပေမယ့် သူ့ကို ရူးခါနေအောင် ချစ်နေတဲ့ဆီဗာလို အချစ်ရူးတစ်ယောက်နဲ့တွေ့တော့အချစ်ဟာ အပျက်အပျက်နဲ့နှာခေါင်းသွေး ထွက်လာနိုင်တဲ့အနေအထားကို ရုတ်ချည်း ပြောင်းလဲသွားတယ်။
အများကြီး မညွှန်းလိုတော့ပါဘူး၊ကျွန်တော်ကတော့ ဒီကားကို လူငယ်တွေရဲ့အချစ်ရေးနဲ့ပက်သက်ပြီးပညာယူသင့်တဲ့ကားလို့မြင်မိပါတယ်။
ကျွန်တော့်ရင်ဘတ်ကို တည့်တည့်ကြီး ထိမှန်သွားတဲ့အချစ်ရူးတစ်ယောက်ရဲ့ အတ္ထုပတ္တိဆိုရင်လည်း မမှားဘူးပေါ့။
Review From Channel Myanmar