မင်းသမီးချောလေး ရှရူသီအပြင် အခြားတောင်ပိုင်းနာမည်ကြီး ဇာတ်ပိုများစွာပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကို မညွှန်းခင်မှာ ပထမဆုံးချီးကျူးလိုတာကတော့ တောင်ပိုင်းကားတွေဟာ အက်ရှင်ခန်းရိုက်တဲ့နေရာမှာ
တော်တော်ကို ကောင်းမွန်နေပြီဆိုတာပါပဲ စလိုးမိုးရှင်းတွေ အနီးကပ်ရိုက်ချက်တွေကို သူ့နေရာနဲ့သူသုံးထားပြီး အရမ်းကြီးအိုဗာမဖြစ်ပဲ
မင်းသားရော ဗီလိန်တွေပါ သွေးသံရဲရဲနဲ့ ဖိုက်နေကြတာ တကယ်အားရစရာပါပဲဇာတ်လမ်းကတော့ ကန်ဆာပြည်နယ်လိုခေါိတဲ့ စိတ်ကူးယဉ်ပြည်နယ်တစ်ခုမှာ ဇာတ်အိမ်တည်ထားပါတယ်
ပဒေသရာဇ်စနစ်နဲ့ မျိုးရိုးစဉ်ဆက်အုပ်စိုးတဲ့ နေရာမှာ မင်းသားဖြစ်တဲ့ ဗာရာဒါနဲ့ သာမန်လူ ဒေဗာ(ဘာဟုဗလီမင်းသား) က
အသက်ပေးချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေပါတစ်နေ့မှာ ဒေဗာက အဲ့နေရာကနေ ထွက်ခွာခဲ့ရပေမယ့် သူ့သူငယ်ချင်းလိုအပ်ချိန်တိုင်းမှာ
ပြန်လာကူညီမယ်လို ကတိပြုခဲ့ပါတယ် အင်အားရှိသူသာအနိုင်ရတဲ့ နေရာတစ်ခုမှာ
ဒေဗာရဲ့အကူအညီကိုလိုအပ်လာတဲ့အခါမှာတော့….အဲ့လိုအရှုပ်ထုပ်တွေထဲကို ဖခင်ရဲ့ရန်ငြိုးဟောင်းတွေရှိတာမသိပဲ အိန္ဒိယကို အမေရိက ကပြန်လာခဲ့တဲ့
အာဒယာ(ရှရူသီ) ပါ ရောက်လာတဲ့အခါမှာတော့ ဇာတ်လမ်းကတော့ ကြည့်ရင်းနဲ့ပဲခံစားကြဖိုပြောချင်ပါတယ်
–အညွှန်းနဲ့ဘာသာပြန်ကတော့ Ethan ပါဗျာ
Encoded by X
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်