Switch Mode
Semmelweis
Rating 7.3
Bookmark

Semmelweis

Watch full episodes Semmelweis, download Semmelweis english subbed, Semmelweis eng sub, download Semmelweis eng sub, stream Semmelweis at MMFILM.
Status: Completed Released: 30 Nov 2023 Duration: N/A Country: Type: Movie Director: Casts: , , Posted by: admin Released on: Updated on:
Watch streaming Semmelweis English Subbed on MMFILM. You can also download free Semmelweis Eng Sub, don't forget to watch online streaming of various quality 720P 360P 240P 480P according to your connection to save internet quota, Semmelweis on MMFILM MP4 MKV hardsub softsub English subbed is already contained in the video.

Synopsis Semmelweis

ဒီဇာတ်ကားမှာတော့ ၁၈၄၇ခုနှစ် ဗင်နီယာရှိ သားဖွားဆေးရုံတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ လျှိဝှက်ဆန်းကြယ်တဲ့ ကူးစက်ရောဂါတစ်ခုအပေါ် အခြေခံပြီး ‌ဒေါက်တာဆယ်မယ်၀ိုက်စ် ကြုံဆုံရတဲ့ အတက်အကျ ပြောင်းလဲမှူတွေကို ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးထားတာကို ရှုစားရမှာပါ

ဗင်နီယာမြိုရဲ့ နာမည်ကြီးဆေးရုံမှာ မီးဖွားကြတဲ့ မိခင်တွေဟာ ကလေးမွေးပြီးတာနဲ့ သေဆုံးကြရတဲ့ အဖြစ်ကို ကြုံတွေ့နေရပါတယ် ဒါကို ဒေါက်တာဆယ်မယ်၀ိုက်စ်ဟာ သူ့ရဲ့လူနာတွေကို ကယ်တင်ဖို ကြိုးစားအဖြေရှာပါတော့တယ် ဒါပေမဲ့လည်း ဆေးရုံအကြီးအကဲတွေက သူ့ရဲ့ သုတေသနကို အယုံအကြည်မရှိဘဲ လူသေအလောင်းတွေ သေခြင်းတရားတွေနဲ့သာ အသားကျအောင်နေတတ်ဖို ပြောခံခဲ့ရပါတယ်

တစ်ဖက်မှာလည်း အမ်မာဆိုတဲ့ သူနာပြုလေးကို ဆယ်မယ်၀ိုက်စ်ရဲ့ လုပ်ရပ်တွေကို သတင်းပေးဖို သူလျှိအဖြစ် စေခိုင်းခဲ့ပါတယ် အလုပ်အတူတွဲလုပ်ကြရင်း သူတိုနှစ်ဦးသားဟာ အချစ်ဇာတ်လမ်းတစ်ခုအဖြစ်သို ကူးပြောင်းသွားပါတယ် တဖြည်းဖြည်းနဲ့ ကူးစက်ရောဂါဟာ သားဖွားမိခင်တွေတင်မကဘဲ သူ့ရဲ့သူငယ်ချင်းဖြစ်သူဆီကိုပါ ကူးစက်လာပါတော့တယ်

ဆယ်မယ်၀ိုက်စ်ဟာ သူ့ရဲ့ ကုသဆေး ရှာဖွေမှု ခရီးလမ်း‌တစ်လျှောက်မှာ လုပ်ဖော်ကိုင်ဖက်တွေ သူငယ်ချင်းကောင်းတွေ အသက်မွေး၀မ်းကျောင်းအလုပ်ကိုပါ ဆုံးရှုးခဲ့ရပြီး ဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်နေရပါတော့တယ် ရှေးရိုးစွဲမှုတွေကြား တစ်ရွာလုံးနဲ့တစ်ယောက် ဖြစ်နေရတဲ့ ဆယ်မယ်၀ိုက်စ်တစ်ယောက် သူ့ရဲ့ ယုံကြည်ရာအတွက် ရှေ့ဆက်တိုးနိုင်ဦးမှာလား သတင်း‌ပေးအဖြစ် လုပ်ကိုင်ပေးရမဲ့ အမ်မာရဲ့ဘ၀ကရော ဘယ်လိုဆက်ဖြစ်သွားမလဲ ဒီဇာတ်ကားရဲ့ အသက်ဖြစ်တဲ့ ‌ကူးစက်ရောဂါဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းကရော ဘာများဖြစ်မလဲဆိုတာကို စိတ်၀င်တစားနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်

 

Translated & Reviewed by Hyo

Encoded by X

Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်

Watch Semmelweis

Ep
Title
Release Date