လူသားတိုင်း တစ်နေ့သေရမှာ ဆိုပေမဲ့ ဆောဘို့ဆိုတဲ့ကောင်လေးကတော့ မသေနိုင်ပါဘူး၊ ဘာလို့ဆို သူက လူသားမဟုတ်လို့ပါပဲ
ဆောဘို့ဆိုတာ လွန်ခဲ့တဲ့ ဆယ်နှစ်က မျိုးရိုးဗီဇအလိုက် ခြယ်လှယ်နိုင်တဲ့ သန္ဓေသားပင်စည်ဆဲလ်ကို မျိုးဥထဲထည့်ပြီး သန္ဓေသားအဖြစ် ဖန်တီးထားတဲ့ လူနမူနာ တစ်ယောက်ဖြစ်ပါတယ်။ သူက ဆယ်နှစ်သားဆိုပေမဲ့ ဆဲလ်တွေလျင်မြန်စွာကြီးထားမှုကြောင့် ဆောဘို့လေးဟာ အသက်၂၀အရွယ်လောက်ထိ ကြီးထွားနေပါတယ်။ ဆောဘို့ရဲ့ DNA ကိုသုံးပြီး လူသားတွေရဲ့ ရောဂါအစုံကို ကုသနိုင်ကြောင်း သိထားတဲ့လူတွေက ဆောဘို့ကို မရမက ဝိုင်းလုကြပါတော့တယ်
ဆောဘို့ကိုကာကွယ်ပေးဖို့ တာဝန်ပေးခံရလိုက်ရတာက မင်ကီဟွန်းဆိုတဲ့ စုံထောက်ဟောင်း တစ်ယောက်ဖြစ်ပြီး ဦးနှောက်ကင်ဆာဖြစ်နေသူပါ။ သူ့မှာ အသက်ရှင်ဖို့အချိန် သိပ်မကျန်တော့လို့ ကင်ဆာကုဖို့ ဆောဘို့ကိုအသုံးချချင်တဲ့ ရည်ရွယ်ချက်နဲ့ တာဝန်ကိုလက်ခံခဲ့ပေမဲ့ တဖြေးဖြေး ဆောဘို့ကို လူသားတစ်ယောက်လို သဘောထားမိပြီး ကရုဏာသက်သွားရာကနေ ဆောဘို့ကို ကယ်ဖို့ကြိုးစားတဲ့အခါ ဘာတွေဖြစ်လာမလဲဆိုတာ ဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ပါဦး
Translated by – Nezu
Encoded by – Nezu