အားလုံးစောင့်မျော်နေကြတဲ့ ရှမ်းကြီး မြန်မာစာတန်းထိုးလာပါပြီဗျာ….
Reviewတွေအများကြီးရေးရင် Spoilသလိုဖြစ်မှာဆိုးလို့နည်းနည်းပဲရေးတော့မယ်ဗျ…
လွန်ခဲ့တဲ့ နှစ်ထောင်ချီခန့်က လက်ကောက်ကြီး ၁၀ ကွင်း ရာဇဝင် ကလူတိုင်းပြောစမက်ပြုလောက်အောင် အရမ်းကို ခမ်းနားကြီးကျယ်ပါတယ်….
အဲဒီလက်ကောက်ကြီးဆယ်ကွင်းကိုပိုင်ဆိုင်ထားတဲ့သူဟာ မသေနိုင်တော့တဲ့အပြင် ကြီးမားတဲ့အစွမ်းတွေကိုလည်းရရှိမှာပြီးတော့ သုံးစွဲတဲ့သူအပေါ်ရဲ့ အသုံးချမှုနဲ့ပဲသက်ဆိုင်တာပါ….
အဲဒီလက်ကောက်တွေကို ပိုင်ဆိုင်ထားတဲ့သူဟာ ကမ္ဘာကြီးအပေါ်မှာလွှမ်းမိုးဖို့ကြိုးစားသူတစ်ယောက်ဖြစ်ရုံတင်မဟုတ်ပဲ အာဏာ ဓနကို နှစ်ထောင်နဲ့ ချီပြီးမက်မောလောဘကြီးခဲ့တဲ့သူတစ်ယောက်ပါ…
တစ်နေ့မှာ တာအိုဆိုတဲ့ရွာကလေးကို အဲဒီ လက်ကောက်ပိုင်ရှင်ကြီးရောက်သွားတဲ့အချိန်မှ…
အဲဒီရွာက မိန်းကလေးတစ်ယောက်နဲ့ချစ်သက်ဝင်ပြီးနောက်မှာတော့….
ဘာတွေဆက်ဖြစ်မလဲဆိုတာကို MMFILMပရိတ်သတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်…
ဒီဇာတ်လမ်းထဲမှာ Doctor Strangeထဲက ဝေါင်အပြင်အခြားCharacterတွေလည်း ထပ်ပြီးထည့်ပေးထားသလို TimeLineအနေနဲ့ဆိုရင်တော့ End Game အပြီး ဖြစ်ပျက်တာကိုထည့်ထားတာပါပဲ…..