Sidelined: The QB and Me (2024)
ပန်းပွားမယ်လေးဒဲလတ်စ်နဲ့ ကျောင်းကအားကစားသမားဒရေတန် တို့ရဲ့ဆယ်ကျော်သက်အချစ်ဇာတ်လမ်းလေးပါ။ ဒရေတန်ရဲ့အဖေက သူ့သမီးအက်ဘီကိုပျောက်သွားပြီးနောက်ပိုင်း သူ့အပြစ်ကြောင့်ဆိုပြီး ဒရေတန့်အပေါ်မျှော်လင့်ချက်တွေအများကြီးထားပြီး ထိန်းချုပ်သလိုမျိုးလုပ်လာခဲ့ပါတယ်။ ကိုယ်ရွေးချယ်ချင်တဲ့ကျောင်းကိုတောင် ရွေးခွင့်မရဖြစ်လာလို့ စိတ်ညစ်လာတဲ့ဒရေတန်နဲ့ ကယ်လီဖိုးနီးယားအနုပညာဗိမာန်ကျောင်းကိုဝင်ခွင့်ရဖို့ အပြင်းထန်ကြိုးစားတဲ့ကြားက ဟန်ချက်မညီမှုတွေဖြစ်လာတဲ့ဒဲလတ်စ်တို့တွေ့ပြီး သူတို့ကြားမှာ ခံစားချက်တွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီဇာတ်လမ်းထဲမှာ ဆယ်ကျော်သက်ဘဝကြုံတွေ့ရနိုင်တဲ့ အခက်ခဲနဲ့ပြဿနာတွေကို ဒဲလတ်စ်နဲ့ဒရေတန်တို့နှစ်ဘက်လုံးဘက်က ရိုက်ပြထားတာမို့လို့ အချစ်ဇာတ်လမ်းရော ဘဝသင်ခန်းစာတချို့ကိုပါ သင်ယူလို့ရနိုင်မယ့် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။
Translated & Reviewed by Bex
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်