Sneaks (2025)
တိုင်းနဲ့မက်ဇင်းတို့က စတိုင်လ်ကျပြီးလက်ရာမြောက် ရှားပါးတဲ့ဒီဇိုင်နာထုတ် စနိတ်ကာအသစ်နှစ်ဘက်ပါ။ တိုင်းက သူ့ဘဝတစ်လျှောက်လုံးဖိနပ်ဘူးထဲမှာပဲနေခဲ့ဖူးတော့ အပြင်ဘဝအကြောင်းသိပ်မသိရှာဘူး။ ဒါပေမဲ့ တိုင်းနဲ့မက်ဇင်းတို့ကို The Collector ကခိုးသွားပြီး တိုင်းတစ်ယောက်သူ့အစ်မနဲ့ကွဲသွားပါတယ်။ တကယ်တမ်းသူတို့ကိုပိုင်တာက ကံစမ်းမဲပေါက်ခဲ့တဲ့ အက်ဆန်ဆိုတဲ့ကောင်လေးပါ။ အက်ဆန်က သူ့ရဲ့ပထမဆုံးဘတ်စကတ်ဘောပွဲမှာ သူတို့ကိုစီးဖို့ရည်စူးထားခဲ့ပါတယ်။ အဲဒါကြောင့် တိုင်းကသူ့အစ်မဆီသွားမှာဖြစ်သလို သူ့အစ်မမက်ဇင်းကတိုင်းကိုခေါ်ပြီး အက်ဆန့်ဆီကိုပြန်ဖို့ရည်ရွယ်ထားကြပါတယ်။ တိုင်းက မက်ဇင်းကိုရှာဖို့အတွက် ဂျေဘီဆိုတဲ့စနိတ်ကာဟောင်းတစ်ဘက်နဲ့တွေ့သလို မက်ဇင်းကလည်း The Collector ရဲ့အခန်းထဲက တခြားစနိတ်ကာတွေရဲ့အကူညီနဲ့သူ့မောင် တိုင်းကိုရှာဖို့ကြိုးစားပါတော့တယ်။
Translated & Reviewed by Bex
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်