ဒီဇာတ်ကားကတော့လောလောလတ်လတ်ကိုမှထွက်ရှိထားတဲ့ Horrorအမျိုးအစားဇာတ်ကားလေးပါပဲ
ဒီကားရဲ့ထူးခြားတာက ဒီဇာတ်လမ်းကိုရိုက်ကူးတဲ့ဒါရိုက်တာက ဒါအခုမှသူ့ရဲ့ပထမဆုံးရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ
နောက်တစ်ချက်ကဒီကားက Low Budget Filmဖြစ်ပေမယ့်လည်း လက်ရာကတော့မဆိုးလှပါဘူး
ဇာတ်လမ်းအကျဥ်းကတော့ သူငယ်ချင်းတစ်စုနှစ်ဟောင်းကိုကုန်ဆုံးပြီးနှစ်သစ်ကိုကြိုဆိုဖိုအတွက်အတူတူခရီးတစ်ခုကိုသွားခဲ့ကြပါတယ်
သူတိုသွားတဲ့နေရာကတော့ Snow Fallsလိုအမည်ရတဲ့နှင်းတွေနဲ့ပြည့်နေတဲ့နေရာမှာရှိတဲ့အိမ်လေးတစ်လုံးဆီကိုပေါ့
ခရီးကတော့အစမှပျော်စရာတွေအပြည့်နဲ့ပါ ဒါပေမယ့်ကံဆိုးချင်တော့ သူတိုနေတဲ့နေရာမှာနှင်းမုန်တိုင်းကကြရောက်ပါလေရော
အဲ့လိုနဲ့နှင်းမုန်တိုင်းကြောင့်သူတိုမှာအအေးဒဏ်တွေရော အစာငတ်တဲ့ဒဏ်တွေပါရောခံလာရတော့ ထင်ယောင်ထင်မှားတွေဖြစ်လာပါလေရော
ဒီမှာဇာတ်လမ်းရဲ့အဓိကသော့ချက်တစ်ခုဖြစ်တာက သူတိုထင် ယောင်ထင်မှားဖြစ်တာလား ဒါမှမဟုတ် နောက်ကွယ်မှာရောတခြားအကြောင်းအရာတွေကရှိသေးလားဆိုတာကဇာတ်လမ်းရဲအဓိကအနှစ်သာရပါပဲ
Translated & Reviewed by Kim Shin Encoded by Aye Chan