ဒီတစ်ခါတော့ Animated Comedy / Adventure ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားလေးဟာ တိရိစ္ဆာန်အစစ် 95 % သုံးပြီးရိုက်ကူးထားတယ်လိုဆိုတဲ့ Animated Dog Movie လေးပါ။ Review အားဖြင့်လည်း မဆိုးပါဘူး။ ရက်ဂျီဆိုတဲ့ခွေးလေးဟာ မကြင်နာတတ်တဲ့ သခင် ဒေါ့ဆီကနေ အစွန့်ပစ်ခံလိုက်ရပြီး လမ်းဘေးခွေးလေးတွေနဲ့ မိတ်ဆွေဖြစ်ခဲ့ပါတယ်။ သခင်က စွန့်ပစ်ခဲ့တာလို မယုံချင်ဘဲယုံလိုက်ရတဲ့ ရက်ဂျီဟာ စွန့်ပစ်ခံရတယ်လိုသေချာသွားတဲ့နောက်မှာတော့သခင်ဆီပြန်သွားပြီး ကလဲ့စားချေဖိုဆုံးဖြတ်လိုက်ပြီး သူငယ်ချင်းခွေးလေးတွေနဲ့ပူးပေါင်းပြီး သခင်ရှိရာအိမ်ကိုပြန်ဖို ကြိုးစားပုံတွေကို ရှုစားရမှာပါ။
ဒီကားလေးမှာပြောစရာရှိတာက တိရစ္ဆာန်လေးတွေချစ်စရာကောင်းလိုဆိုပြီး ကလေးတွေကိုမပြမိဖိုပါပဲ။ Comedy လိုရည်ညွှန်းရလောက်တဲ့ Scene တွေ Joke တွေက တော်တော်လေး Dark ဖြစ်ပါတယ်။ ကလေးတွေပြဖိုရော မိသားစုကြည့်ဖိုပါ မသင့်တော်တဲ့ကားပါလို အလေးအနက်ပြောချင်ပါတယ်။
IMDB 6.3 ရထားပါတယ်။ ရှုစားကြပါဦး။
Translated & Reviewed by Ariel
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ