Surprised By Oxford ဇာတ်ကားဟာ ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားဖြစ်ပါတယ်
သိုပေမယ့်လည်းဒီဇာတ်ကားအတွင်းမှာ ပုံဖော်ထားတဲ့ အချစ်ဒရာမာကို ကြည့်ရှုသူပရိသတ်အတွက်
လက်တွေ့ဘဝမှာ တိုက်ရိုက်ခံစားလိုရနိုင်တဲ့ဇာတ်ကြောင်းရယ်လိုတော့မဟုတ်ပါဘူး။
အမေရိကန်နိုင်ငံသား အမျိုးသမီးစာရေးဆရာတစ်ယောက်ဖြစ်တဲ့ Carolyn Weber ဟာ
ဒေါက်တာဘွဲကို Oxford တက္ကသိုလ်မှာ ပညာသင်ဆုအနေနဲ့သွားရောက်သင်ကြားတဲ့အကြောင်းကို
အသေးစိတ်ပုံဖော်ရိုက်ကူးတင်ဆက်ထားတာလည်းဖြစ်ပါတယ်။
ဒရိုက်တာ Ryan Whitaker ရဲ့စာပေလောကအကြောင်းကို ထူးထူးခြားခြားရိုက်ကူးတင်ဆက်ထားနိုင်ခဲ့တဲ့
ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ခရစ်ယန်ဒရာမာဇာတ်လမ်း ဖြစ်တာကြောင့် စကားပြောတွေဟာ
အခြားဇာတ်ကားတွေနဲ့မတူပဲ တစ်မူထူးခြားနေတာလည်းဖြစ်ပါတယ်။
Oxford တက္ကသိုလ်ရဲ့ စာသင်ဟန်တွေ တက္ကသိုလ်ကြီးရဲ့ခမ်းနားမှုတွေကိုအကျယ်တဝင့်
ရိုက်ကူးတင်ဆက်ထားတာကြောင့် စာပေကိုချစ်မြတ်နိုးတဲ့သူ အချစ်ဇာတ်လမ်းကောင်းလေးကို
ချစ်မြတ်နိုးတဲ့သူတွေအဖိုတော့ ကြည့်ရှုလိုကောင်းမယ့်ဇာတ်ကာ:ကောင်လေးဖြစ်မှာပါ။
Rating : IMDB 7/10
Translated & Reviewd by Ethan
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်