ယခုမိတ်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ လူဖြူလူမဲတွေကြီးစိုးချိန်ကာလပြီး လူမဲတွေကိုလွတ်မြောင်ခွင့်ပေးထားတဲ့ ကောင်းဘွိင်ချိန်ခါကိုဇာတ်အိမ်တည်ထားတဲ့ဇာတ်လမ်းလေးပါ
ဇာတ်လမ်းအကျဥ်းချုပ်ကတော့ ယောကျ်ားလေးယောင်ဆောင်ထားတဲ့လူမဲကောင်းဘွိင်မလေး မိုက တစ်နေ့သူသွားချင်တဲ့နေရာကိုသွားဖို ရထားလုံးလေးကိုစီးလာခဲ့ပါတယ် ကံမကောင်းစွာနဲ့ပဲ လမ်းမှာ မိုစီးလာတဲ့ရထားလုံးကဓားပြတိုက်ခံရပါလေကော ဓားပြတိုက်တဲ့သူကလည်း သာမန်ဓားပြလေးမဟုတ်ပဲနဲ့ ဘဏ်ကိုဓားပြတိုက် လှည်းကိုဖျောင်လိုက်လိုနာမည်ကြီးတဲ့ ဘဏ်ဓားပြ တွမ်မီဝက်ချ်ဆိုတဲ့သူသွားဖြစ်နေပါတယ် မိုတိုလည်း ကံအားတတ်နေတော့ တွမ်မီဝက်ချ်ကိုပြန်ဖမ်းနိုင်တဲ့အခြေအနေပါဖြစ်သွားပါလေရော အဲ့လိုနဲ့ တွမ်မီဝက်ချ်ကိုအပြစ်ပေးဖိုရာ ထိုအချိန်အခါရဲ့စည်းမျဥ်းဥပဒေတွေအရ အာဏာပိုင်နယ်ထိန်းကသာ အပြစ်ပေးကြိုးပေးစီရင်သတ်ဖြတ်ပိုင်ခွင့်ရှိတော့ မိုနဲ့ပါလာတဲ့တခြားသူတွေက တာဝန်ကိုယ်စီနဲ့ ထွက်သွားကြတော့ မိုနဲ့ တွမ်မီတိုနှစ်ယောက်ပဲကျန်ခဲ့ပါတော့တယ် အဲ့လိုနဲ့ တွမ်မီကို သူ့နောက်လိုက်ငယ်သားတွေကလာကယ်မလား မိုနဲ့တွမ်မီကကော ဘယ်လိုတွေဖြစ်ကြမလဲဆိုတာက တော့ ဇာတ်လမ်းရဲ့အဓိကကျောရိုးဖြစ်လိုကြည့်ရှုလိုက်ပါခင်ဗျ
Reviewed & Reviewed by Kim Shin
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ