IMDb rating 6.6 / rotten tomatoes 51%
New York မြို့ရဲ့ကယ်တင်ရှင်လေးဖြစ်တဲ့ Spider Man ခေါ် Peter Parker ဆိုတဲ့ကောင်လေးဟာ Curt Conors ရဲ့အရှုပ်ထုတ်တွေကိုဖြည်ရှင်းပြီးမြို့ကြီးကိုကယ်တင်ပြီးတဲ့နောက်မှာ မြို့ကြီးရဲ့ရာဇဝတ်မှုတွေကိုဆက်လက်နှိမ်နှင်းနေပါတယ်။
Peter ရဲ့ချစ်သူ ကောင်မလေး Gwen Stacy ရဲ့ဖခင်သေဆုံးပြီးတဲ့နောက်မှာ ဖခင်ရဲ့ Gwen နဲ့ဝေးဝေးနေပေးဖို့ကတိစကားကြောင့် သူ့ချစ်သူအန္တရာယ်မကျရောက်ရအောင် လမ်းခွဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။
Oscorp ရဲ့ပိုင်ရှင် Norman Osborn ဆုံးပါးပြီးတဲ့နောက်မှာ သူ့ရဲ့သားဖြစ်သူ ၊ Peter ရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ Harry Osborn ကဖခင်ရဲ့အမွေ Oscorp ကုမ္ပဏီကိုဆက်ခံဖို့ New York မြို့ကိုပြန်ရောက်လာခဲ့ပါတယ်။
Harry ဟာလည်း သူ့အဖေကိုသေစေခဲ့တဲ့ မျိုးရိုးလိုက်နာတာရှည်ရောဂါကို ခံစားနေရပြီး ကုသဖို့နည်းလမ်းကိုအသည်းအသန်ရှာဖွေနေခဲ့ပါတယ်။ Peter ကလည်းသူ့အဖေချန်ရစ်ခဲ့တဲ့ လက်ဆွဲအိတ်ရဲ့နောက်ကွယ်ကလျှိူ့ဝှက်ချက်တွေကို အရမ်းသိချင်နေခဲ့ပါတယ်။
Peter က လက်ဆွဲအိတ်ရဲ့နောက်ကွယ်ကလျှိူ့ဝှက်ချက်ကိုထုတ်ဖော်နိုင်မလား။ Harry က နာတာရှည်ရောဂါကြီးကိုကုသနိုင်ပြီး သေဘေးမှလွတ်မြောက်သွားမလား။
Translated by – Nezu
Encoded by – Nezu