The Art of Racing in the Rain(2019)
သင်သာခွေးချစ်တတ်တဲ့သူသာဆိုရင် ပြိုင်ကားစီးရတာကို သဘောကျတတ်တဲ့အန်ဇိုဆိုတဲ့ခွေးလေးဆိုကို သင်ချစ်မိသွားမှာသေချာပါတယ်။
ခွေးတွေရဲ့ unconditional loveဆိုတာ ဘာလဲဆိုတာ ရသမြှောက်အောင်ရိုက်ကူးပေးထားတဲ့ ဇာတ်ကားလေးဘဲဖြစ်ပါတယ်။
မျက်ရည်တွေ အပြုံးတွေနဲ့ ကြည့်ရှု့ရမှာဘဲဖြစ်ပါတယ်။
အန်ဇိုကို လယ်တောထဲကအိမ်တစ်ခုကနေ မွေးစားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့သခင်က ပြိုင်ကားမောင်းတဲ့သူဖြစ်လို့ အန်ဇိုကို သူ့ရဲ့ပြိုင်ကွင်းဆီ
ခနခနခေါ်သွားတတ်ပါတယ်။ အန်ဇိုရဲ့ ဘ၀တစ်ခုလုံးမှာ သူအချစ်ဆုံးကတော့ သူ့ရဲ့သခင်နဲ့ သူ့သခင်မောင်းတဲ့ပြိုင်ကားကိုလိုက်စီးရတာပါဘဲ။
ခက်ခဲတဲ့အခြေအနေဖြစ်ဖြစ် ပျော်စရာအခြေအနေဖြစ်ဖြစ် သူ့သခင်ဘေးမှာ အမြဲအဖော်ပြုပေးနေခဲ့တဲ့ အချစ်ကြီးတဲ့ခွေးလေးတစ်ကောင်ပါဘဲ။
အားလုံးဘဲ ကြိုက်နှစ်သက်ကြလိမ့်မယ်ထင်လို့ အဟောင်းထဲကပြန်တူးဆွပြီး တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ
Translated & Reviewed by Zion
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်