ဒီဇာတ်ကားကတော့ရထားပေါ်မှာလူတစ်ယောက်ိုရှာရင်းဇာတ်ကွက်အလှည့်အပြောင်းတွေကိုမနားတမ်းကြည့်ရမယ့်Thrillerကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကတော့မိုက်ဟာရဲတပ်ဖွဲ့ဟောင်းတစ်ယောက်ဖြစ်ပြီးလက်ရှိတော့အာမခံအရောင်းဝန်ထမ်းတစ်ယောက်အဖြစ်လုပ်ကိုင်နေသူပါ။မိုက်နဲ့သူ့ဇနီးဟာသာမန်ဝန်ထမ်းတွေပဲဖြစ်တာမို့ငွေကြေးကြပ်တည်းနေတာပါ။ဒီလိုအချိန််မှာပဲမိုက်တစ်ယောက်အလုပ်ပြုတ်သွားပါတယ်။အလုပ်ပြုတ်တဲ့နေ့အိမ်ပြန်ရထားပေါ်မှာပဲထူးဆန်းတဲ့ကမ်းလှမ်းမှုတစ်ခုကြုံရပါတော့တယ်။အဲဒါကတော့ပရင်းဆိုတဲ့ခရီးသည်တစ်ယောက်ကိုရှာပေးရဖို့ဖြစ်ပါတယ်။ပရင်းဟာအိတ်အမဲတစ်လုံးပါလာတယ်ဆိုတာကလွဲလို့ဘာမှမသိရပါဘူး။ဒီကမ်းလှမ်းမှုကိုလက်ခံပြီးအောင်မြင်ရင်ဒေါ်လာတစ်သိန်းရမှာဖြစ်သလိုကျရှုံးရင်လည်းအန္တရာယ်တွေကြုံရမှာဖြစ်ပါတယ်။မိုက်တစ်ယောက်ပရင်းကိုရှာတွေ့မှာလားသူ့ကိုလာကမ်းလှမ်းတဲ့သူကရောဘယ်သူလဲပရင်းကရောဘယ်သူလဲဒါတွေကိုတော့ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါဗျာ
–Translated & Reviewed by Cora
Encoded by X
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်