ဒီတစ်ခါ နတ်ဆိုးနှင်တဲ့ ကားသစ်လေးတစ်ကားကို ထပ်ပြီးတင်ဆက်ပေးလိုက်ပါတယ်။
အန်ဂျလာနဲ့ ကက်သရင်းလိုခေါ်တဲ့ကလေမလေးနှစ်ယောက်ဟာ သူငယ်ချင်းအိမ်မှာစာသွားလုပ်မယ်လို မိဘတွေကိုလိမ်ပြီး ကျောင်းဆင်းချိန်မှာကျောင်းနားကတောအုပ်ထဲကို ၀င်သွားရာက ပျောက်ဆုံးသွားကြပါတယ်။
မိဘတွေ အပူတပြင်းရှာနေချိန်အိမ်နဲ့ မိုင်၃၀ ဝေးတဲ့အရပ်မှာ ပြန်တွေ့ရပြီးနောက်….
ကလေးနှစ်ယောက်ရဲ့ ထူးခြားလာတဲ့ အပြုအမူတွေ အပြောအဆို အမူအကျင့်တွေ….
ဘုရားကိုမယုံကြည်သူနဲ့ ယုံကြည်သူကြား ကွဲလွဲနေတဲ့ ယူဆချက်တွေ ထင်မြင်ချက်တွေ…
ကောင်မလေးနှစ်ယောက်ကို သူတိုဘယ်လိုဆက်လက် ကယ်တင်ကြမလဲ…. ကောင်မလေးနှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲဆိုတာ….
Imdb 5 ရထားတဲ့ ဒီ horror/thriller ကားလေးမှာ ဆက်လက်ရှုစားလိုက်ကြပါဦး။
Translated & Reviewed by Ariel
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ